သန်လျင်တံတားသစ် ဖွင့်ပြီးနောက်ပိုင်း သန်လျင်မြို့နယ်ရှိ အိမ်ခြံမြေဈေး နှစ်ဆမြင့်တက်လာ

0
418

ဇွန်လ (၈)ရက်က သန်လျင်တံတားဖွင့်ပြီးနောက်ပိုင်း သန်လျင်မြို့နယ်ရှိ အိမ်ခြံမြေဈေးများ နှစ်ဆမြင့်တက်လာကြောင်း အိမ်ခြံမြေ ရောင်းဝယ်သူများထံမှ သိရသည်။

” မြင့်တက်လာတာလည်း မှန်ပါတယ်။ ထက်ဝက်တော့ မဟုတ်ပါဘူး။ အရင်တုန်းက ၉၀၀ ဆိုရင် အခုက ၁၃၀၀ လောက် ဖြစ်နေတယ်။ သန်လျင်က တခြားနေရာထက်စာရင် သန်လျင်က နည်းနည်း ဈေးသက်သာသေးတယ်။ နောက်ပြီးတော့ သန်လျင်မှာက ၃၀၀ လောက်ဆို ဝယ်လို့ရသေးတာကိုး။ ၂၀ – ၆၀ တို့၊ ၄၀ – ၆၀ တို့။ သန်လျင်က နည်းနည်း အဝယ်လိုက်တာပေါ့။ တံတားကြောင့်လည်းပါမယ်” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပြောသည်။

သန်လျင်အိမ်ခြံမြေ ဈေးကွက်အတွင်း ယခင်က ပေ ၂၀ – ၆၀ တစ်ကွက်လျှင် ငွေကျပ် သိန်း ၉၀၀ ကျော်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် သိန်း ၁၃၀၀ အထိ ရှိနေကြောင်း သိရသည်။

မိုးတွင်းကာလတွင် အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်နှေးသည့်သဘောရှိသော်လည်း လက်ရှိတွင် သန်လျင် မြို့နယ်အတွင်း ရောင်းချရန် မြေကွက် မရှိသလောက် နည်းပါးနေခြင်းကြောင့် ဈေးနှုန်းကျဆင်းရန် မရှိကြောင်းလည်း ၎င်းက ဆက်လက်ရှင်းပြသည်။

ထို့ပြင် သီလဝါ အထူးစီးပွားရေးဇုန် ရှိသည့်အတွက် သန်လျင်မြို့နယ်သည် စီးပွားရေး လုပ်ဆောင်ရန် အကောင်းဆုံးသောမြို့ ဖြစ်လာမည့်အပြင် သန်လျင်နှင့် ဆက်စပ်လျက်ရှိနေသည့် ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့ နယ်များ၏ အိမ်ခြံမြေ ဈေးများလည်း မြင့်တက်လာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here