ပူတင်သည် ပြုံယမ်းတွင် ကင်ဂျုံအွန်းနှင့် ယနေ့ တွေ့ဆုံဆွေးနွေးမည်

0
147

ပြုံယမ်းသို့ နိုင်ငံတော်အလည်အပတ်ခရီးအဖြစ် ရောက်ရှိနေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) ၏ နိုင်ငံတော်ရေးရာ သမ္မတ ကင်ဂျုံအန်နှင့် ယနေ့ တွေ့ဆုံမည်ဖြစ်သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ဆွေးနွေးရေး စားပွဲ၌ တစ်နေ့တာလုံးနီးပါး ကုန်ဆုံးကြမည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်က ရုရှားနှင့် မြောက်ကိုရီးယားတို့သည် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့သော်လည်း အပြန်အလှန်လည်ပတ်မှု အကြိမ်အရေ အများအပြားမရှိခဲ့ချေ။

ပူတင်သည် ၂၀၀၀ပြည့်နှစ် ဇူလိုင်လက ပြုံယမ်းသို့ တစ်ကြိမ်သာ သွားရောက်ခဲ့သည်။ ရုရှားခေါင်းဆောင်သည် ထိုအချိန်က မြောက်ကိုရီးယား နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအီ (Kim Jong Il) နှင့် နှစ်နိုင်ငံနှင့် နိုင်ငံတကာ လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ပူတင်သည် မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ ကင်အီဆွန်း၏ အုတ်ဂူသို့ သွားရောက်ကာ ဆိုဗီယက် လွတ်မြောက်ရေး တပ်မတော်၏ အထိမ်းအမှတ် ပန်းများ ချထားခဲ့သည်။ ကင်ဂျုံအီ သည် ရုရှားနိုင်ငံသို့ ၂၀၀၁၊ ၂၀၀၂ နှင့် ၂၀၁၁ ခုနှစ်များတွင် ၃ ကြိမ် လာရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here