မေလအတွင်း ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ သီဟိုဠ်စေ့ ပိဿာချိန် ၅၇၀၀၀၀ ထိ တင်ပို့

0
373

ပြီးခဲ့သည့် မေလအတွင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ သီဟိုဠ်စေ့ ပိဿာချိန် ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဟင်္သာတမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်းများကို တင်ပို့ရောင်းချလျက်ရှိရာ ပြီးခဲ့သည့် ဧပြီလအတွင်းက သီဟိုဠ်စေ့ ပိဿာချိန် ၃၅၀၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး မေလ (၁)ရက်မှ (၃၁) ရက်ထိ တစ်လအတွင်း သီဟိုဠ်စေ့ ပိဿာချိန် ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပြည်ပဈေးကွက်ရှိလာတာကြောင့် သီဟိုဠ်စေ့တွေက တင်ပို့ရောင်းချမှု အားကောင်းလာတာဖြစ်ပါတယ်။ ဒေသထွက် သီဟိုဠ်စေ့တွေကို ဟင်္သာတမြို့ကနေ တဆင့် ရန်ကုန်ဈေးကွက်ကို ကုန်ချောအဖြစ် ပြုလုပ်ပြီး တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကနေမှ ပြည်ပနိုင်ငံဈေးကွက်ကို အများအပြား တင်ပို့ရောင်းချနေရတာကြောင့် ရန်ကုန်ဈေးကွက်မှာလည်း အဝယ်လိုက်နေပါတယ်” ဟု ဟင်္သာတမြို့နယ် ဒေသထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် ဟင်္သာတမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ဒေသထွက်ကုန် သီဟိုဠ်စေ့ တစ်ပိဿာလျှင် ငွေကျပ် ၅၉၀၀ မှ ၆၃၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

အဆိုပါ သီဟိုဠ်စေ့ကို မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ လပွတ္တာခရိုင်၊ ပုသိမ်ခရိုင် စသည့်ခရိုင်များတွင် သီဟိုဠ်စေ့ စုစုပေါင်း ဧက ၆၅၀၀၀ ထိ စိုက်ပျိုးကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here