ထိုင်ဝမ်အတွက် ဒရုန်းနဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ သန်း ၃၆၀ ဖိုး လက်နက်တွေ ထပ်မံရောင်းချပေးဖို့ အမေရိကန် အတည်ပြု

0
164

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့ဟာ ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၃၆၀ ဖိုး လက်နက်တွေရောင်းချပေးမယ့် အစီအစဉ်သစ်ကို အတည်ပြုခဲ့ပြီး လက်နက်တပ်ဆင် ဒရုန်းတွေ၊ ဒုံးလက်နက်ဆိုင်ရာ ကိရိယာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ကျွန်းဒေသသို့ ပေးပို့ရေး အတည်ပြုချက်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ပြောဆိုပါတယ်။

အင်္ဂါနေ့က ထုတ်ပြန်ချက်ဟာ မမျှော်လင့်ထားတဲ့ အရာမျိုးတော့ မဟုတ်ပေမယ့် ထိုင်ဝမ်ကို ၎င်းတို့ ပိုင်နက်အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားတဲ့ ပေကျင်းနဲ့ ဝါရှင်တန်တို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရောင်းချပေးမယ့် စစ်လက်နက် ပစ္စည်းတွေထဲမှာ လူမဲ့လေယာဉ် သို့မဟုတ် ဒရုန်းတွေဖြစ်တဲ့ ALTIUS 600M စနစ် ၂၉၁ ခု၊ လက်နက်ထိပ်ဖူးတွေနဲ့အတူ အကွာအဝေးတိုးချဲ့ပစ်လွှတ်နိုင်တဲ့ လက်နက်ခဲယမ်းတွေလို့ လူသိများသော 720 Switchblade ဒရုန်းတွေလည်း ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ဟာ တင်းမာမှုရှိနေတဲ့ ဆက်ဆံရေးကို ချောမွေ့စေဖို့ မကြာခင်လတွေအတွင်း ကြိုးပမ်းမှုတွေရှိခဲ့သော်လည်း ယခုကြေညာချက်မျိုးက အထူးအဆန်းမဟုတ်ဘူးလို့ ဆိုပါတယ်။

Ref: kesq.com


LEAVE A REPLY

Please enter your comment!
Please enter your name here