တာဝေးပစ်လက်နက်များ ဖြန့်ကျက်ချထားရေးနဲ့ ပတ်သက်ပြီး ရုရှားနဲ့ မိတ်ဖက်နိုင်ငံများ ဆွေးနွေး

0
465
This pool photograph distributed by Russian state owned agency Sputnik shows Russia's Deputy Foreign Minister Sergei Ryabkov attending a meeting on the country's military action in Ukraine and the Israel-Gaza conflict, chaired by Russian President, at the Novo-Ogaryovo state residence outside Moscow on October 16, 2023. (Photo by Gavriil GRIGOROV / POOL / AFP)

တာဝေးပစ်လက်နက်တွေ ဖြန့်ကျက်ချထားရေးကိစ္စနဲ့ ပတ်သက်လို့ ရုရှားဟာ ၎င်းရဲ့ အရင်းနှီးဆုံး မိတ်ဖက်တွေနဲ့ ဆွေးနွေးနေကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabcov ကိုးကားပြီး TASS သတင်းဋ္ဌာနက ဖော်ပြပါတယ်။

မော်စကိုဟာ အာရှနဲ့ လက်တင်အမေရိကန်ဒေသနှစ်ခုလုံးမှာ အရင်းနှီးဆုံး မိတ်ဖက်တွေရှိထားပြီး သူတို့နဲ့ လုံခြုံရေးအခြေအနေအပေါ် အကဲဖြတ်ဖလှယ်မှု အဆင့်တွင်သာမက သိသိသာသာ လက်တွဲအလုပ်လုပ်နေတယ်လို့ Ryabcov က TASS သတင်းနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စ(တာဝေးပစ်လက်နက်များ နေရာချထားရေး) အပေါ် မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များစွာနဲ့ ဆွေးနွေးမှုလုပ်ဆောင်နေခဲ့ကြောင်းလည်း သူက ပြောဆိုပါတယ်။

Ryabcov က မိတ်ဖက်နိုင်ငံများဆိုတာကို အမည်ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိဘဲ နိုင်ငံတကာ သဘောတူစာချုပ်များအောက်က နိုင်ငံများ လိုက်နာစောင့်ထိန်းရမယ့် တာဝန်တွေအပေါ် လေးစားမှုအပြည့်နဲ့ ဆွေးနွေးနေခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ဗုဒ္ဓဟူးနေ့မှာ မြောက်ကိုရီးယားသို့ ရောက်ရှိနေပြီး မော်စကိုအနေနဲ့ ပြုံယမ်းရဲ့ ဒုံးကျည်နဲ့ နျူကလီးယားအစီအစဉ်တွေအပေါ် အကူအညီပေးတာမျိုးလုပ်နိုင်တဲ့အပေါ် စိုးရိမ်ကြောင်း အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်တွေက ထုတ်ဖော်ပြောဆိုပါတယ်။

ရုရှားနဲ့ အမေရိကန်ကြား သံတမန်ဆက်ဆံရေးကို အနိမ့်ဆုံးသို့ လျှော့ချထားပြီး သံရုံး၊ ဗီဇာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကိုသာ အဓိကကိုင်တွယ်ဖြေရှင်းနေကြောင်းနဲ့ နောင်မှာ အခြေအနေပိုဆိုးလာနိုင်ကြောင်းလည်း Ryabcov က ပြောဆိုသွားခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here