နမ့်ခမ်းတွင် ဆေးစွဲနေသည့် သားဖြစ်သူက မိခင်ဖြစ်သူထံမှ ငွေတောင်းမရ၍ နေအိမ်ကို မီးနှင့်ရှို့မှုဖြစ်ပွား

0
145

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် မူးယစ်ဆေးစွဲနေသည့် သားဖြစ်သူက မိခင်ဖြစ်သူထံမှ ငွေတောင်းမရသည့်အတွက် နေအိမ်အား မီးတင်ရှို့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နန့်ခမ်းမြို့ ၊ အောင်မေတ္တာရပ်ကွက် လမ်းသွယ် (၂)ရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့ ဇွန် (၁၈)ရက် ည(၁၂)နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် စတင်လောင်ကျွမ်းသည့် နေအိမ်တစ်လုံးသာ လောင်ကျွမ်းခဲ့ပြီး လူနှင့်ပတ်ဝန်းကျင်နေအိမ်များ ထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်စဉ်မှာ ယမန်နေ့ညပိုင်းက ဆေးစွဲနေသည့် သားဖြစ်သူက မိခင်ဖြစ်သူထံ ငွေတောင်းခံရာ မပေးသဖြင့် မိခင်အပြင်သို့ သွားနေခိုက် နေအိမ်အား မီးတင်ရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ပြင်သို့ မီးသတ်တပ်ဖွဲ့ယာဉ် (၄)စီးထွက်ခွာငြိမ်းသတ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သိန်း(၂၀၀)ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

လက်ရှိတွင် နေအိမ်အား မီးတင်ရှို့ခဲ့သည့် အသက်(၂၈)အရွယ်ရှိ အမျိုးသားကို ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here