ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့မှဝန်ထမ်း ၁၉၃ ဦးထက်မနည်း‌ေ-သဆုံးခဲ့ဟုဆို

0
247

ဂါဇာကမ်းမြှောင်တွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား တင်းမာမှုများ တိုးလာပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိကာလများအတွင်းဝယ် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့(UNRWA) မှ ဝန်ထမ်း ၁၉၃ ဦးထက်မနည်း‌ေ-သဆုံးခဲ့သည်။

“ဂါဇာသည် ကမ္ဘာပေါ်တွင် အကူအညီပေးရေးလုပ်သားများအတွက် အန္တရာယ်အရှိဆုံးနေရာဖြစ်သည်။ စစ်ပွဲစတင်ချိန်မှ ၂၀၂၃ အောက်တိုဘာလအထိကာလများအတွင်း UNRWA မှ လုပ်ဖော်ကိုင်ဖက် ၁၉၃ ဦး ‌ေ-သဆုံးခဲ့ပြီး ကုလသမဂ္ဂသမိုင်းတွင် ‌ေ-သဆုံးသူဦးရေ အများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂအေဂျင်စီက X တွင် ရေးသားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ အခြေစိုက် အစွန်းရောက် ပါလက်စတိုင်း လှုပ်ရှားမှု ဟားမတ်စ် စစ်သွေးကြွ များသည် ဂါဇာမှ အစ္စရေး ပိုင်နက်ကို ရုတ်တရက် စီးနင်း တိုက်ခိုက်ခဲ့ရာ အစ္စရေး နယ်စပ် အခြေချ နေထိုင်သူများ ‌ေ-သဆုံးပြီး အမျိုးသမီးများ၊ က–လေ–းများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဓ-ားစာခံ ၂၄၀ ကျော်ကို ဖမ်းဆီးလိုက်သည့် အချိန်တွင် အရှေ့အလယ်ပိုင်း ဒေသဝယ် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

ယင်းကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ပါလက်စတိုင်းနယ်မြေအတွင်း ဟားမတ်စ်လက်နက်ကိုင်များ၏ အခြေခံအဆောက်အအုံများကို ဖျက်ဆီးကာ ဓ-ားစာခံအားလုံးကို လွှတ်ပေးရန် ရည်ရွယ်ချက်ဖြင့် စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းတွင် လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေးကို အီဂျစ်နှင့် ကာတာတို့က ကြားဝင်စေ့စပ်ပေးခဲ့ပြီး ဓ-ားစာခံ ၁၁၀ ဦးကို လွှတ်ပေးခဲ့ကြောင်း အစ္စရေးအဆိုအရ သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေးကို ယိုယွင်းခဲ့ပြီးနောက် ယနေ့တိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here