အိန္ဒိယမှာ အပူလှိုင်းနဲ့ ရေကြီးမြေ-ပြိ-ုမှုတွေကြောင့် လူ ၁၁ ဦး ‌ေ-သဆုံး

0
432
A pillion passenger carries a fan on a bike on a hot summer day in Amritsar on June 18, 2024. (Photo by Narinder NANU / AFP)

အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ပြင်းထန်တဲ့ ရာသီဥတု အခြေအနေကို ကြုံတွေ့နေခဲ့ရပြီး ဆိုးဝါးတဲ့ အပူလှိုင်းတွေ၊ ရေကြီး မြေ-ပြိ-ုမှုတွေကြောင့် ယခုသီတင်းပတ်အတွင်း လူ ၁၁ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။ ယင်းတို့ထဲမှာမှ နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်မှာ အမျိုးသမီးတစ်ဦးနဲ့ သမီးဖြစ်သူ သုံးဦးဟာ အရှင်လတ်လတ် မြေပိ‌ေ-သဆုံးခဲ့ကြရခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် နယူးဒေလီဟာ အင်္ဂါနေ့က ခြောက်နှစ်တာကာလအတွင်း အပူဆုံးညကို ကြုံတွေခဲ့ရပြီး လူဦရေသန်း ၂၀ ခန့်နေထိုင်ရာမြို့တော်ရှိ ဆေးရုံတွေရဲ့ ထုတ်ပြန်ချက်အရ ယခုသီတင်းပတ်အတွင်း အပူဒဏ်ကြောင့် လူ ၅ ဦး ‌ေ-သဆုံးခဲ့တယ်လို့ သိရကြောင်း Times of India သတင်းစာက ဖော်ပြပါတယ်။

နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ အဆက်မပြတ်မိုးရွာသွန်းမှုတွေကြောင့် ရေကြီး မြေ-ပြိ-ုမှုတွေ ဖြစ်ပွားခဲ့ပြီး အင်္ဂါနေ့ညက ‌ေ-သဆုံးသူ ၆ ဦးထက်မနည်းရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

“အမျိုးသမီးတစ်ဦးနဲ့ သူ့ သမီးသုံးယောက်ဆိုရင် မြေ-ပြိ-ုမှုမှာ အရှင်လတ်လတ်ကို မြေအောက်ရောက်သွားခဲ့တာပါ” လို့ ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲရေးအရာရှိ ဆီဂျူးဒက်စ်က ဖုန်းဆက်သွယ်ဖြေကြားခဲ့ပါတယ်။ သူတို့ရဲ့ နေအိမ်ဟာ ကုန်းစောင်းပေါ်မှာ တည်ရှိပြီး ညသန်းခေါင်ချိန် အခင်းဖြစ်နေရာမှာပဲ သူတို့ ‌ေ-သဆုံးခဲ့ကြတာဖြစ်ကြောင်းနဲ့ သုံးနာရီကြာ ရှာဖွေမှုတွေလုပ်ပြီးနောက် သူတို့ရဲ့ ရုပ်အလေ-ာင်းတွေကို ပြန်ရယူနိုင်ခဲ့ကြောင်း သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

အာရှဒေသတစ်ဝန်းက လူသန်းပေါင်းများစွာဟာ ယခုနှစ် နွေရာသီမှာ လွန်ကဲတဲ့ အပူချိန်ကို ခံစားနေခဲ့ကြရပြီး ဒီအခြေအနေဟာ လူလုပ် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ပိုမိုဆိုးဝါးခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုပါတယ်။

မတ်လမှစပြီး ဒေလီနဲ့ အိမ်နီးချင်း ကန္တာရပြည်နယ် ရာဂျက်စ်သန်မှာ အပူချိန် ၅၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်လာခဲ့ပြီး နိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ယခုရာသီအတွင်း အပူလှိုင်းကျရောက်တဲ့ရက်အရေအတွက်ဟာ ပုံမှန်ထက် နှစ်ဆကျော်ပိုခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယရဲ့ အကြီးဆုံးမြစ်တွေထဲမှာပါဝင်တဲ့ ဗြဟ္မပုတ္တရမြစ်ရဲ့ အဓိကမြစ်လက်တက်ဖြစ်သော Kopili မြစ်ဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိခဲ့မှုနဲ့အတူ အာသံပြည်နယ်မှာတော့ လူဦးရေ ၁၆၀၀၀၀ ကျော် ရေဘေးဒုက္ခကြုံနေရကြောင်း သိရပါတယ်။ မိုးသည်းထန်မှုကြောင့် ရေကြီး မြေ-ပြိ-ုမှုတွေအတွင်း မေလကုန်ပိုင်းကစလို့ ယင်းပြည်နယ်မှာ ‌ေ-သဆုံးရသူဦးရေ ၃၀ ကျော်သွားခဲ့ပြီလို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

Ref: Asharq Al-Awsat


LEAVE A REPLY

Please enter your comment!
Please enter your name here