လေရှီးမြို့လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့

0
155

နာဂဒေသ၊ လေရှီးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လေရှီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဇွန်လ(၁၈)ရက်ညနေက ကျင်းပပြုလုပ်သော လေရှီးမြို့ရှိမြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲတွင်ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် လေရှီးမြို့နယ် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေများနှင့် စာသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

လေရှီးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမောင်က မြို့နယ်အတွင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖများနှင့်ယဉ်ကျေးမှုအဖွဲ့များက လေရှီးမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here