ချင်းတွင်း မြစ်ကူးတံတား (ထမံသီ) တည်ဆောက်မှု ၆၆ ရာခိုင်နှုန်းပြီးစီး

0
177

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းအားလုံး၏ ၆၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီးမြို့ – ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်နေခြင်းဖြစ်သည်။

တည်ဆောက်နေသော ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သ ည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် ၈၀၁ မီတာ၊ အကျယ် ၉.၄ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL) ဖြင့်တည်ဆောက်နေခြင်းဖြစ်သည်။

ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ်နှင့်လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူများသည် ကူးသန်းသွားလာမှုလွယ်ကူမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

ဒေသ၏ ထုတ်ကုန်များကို လွယ်ကူစွာသယ်ယူပို့ဆောင်နိုင်ခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုအား များစွာအထောက်အကူပြုမည့် တံတားကြီးတစ်စင်းဖြစ်သည့်အပြင် လေရှီးမြို့နယ်အစွန်အဖျားရှိ ဆွမ္မရာမြို့နှင့် ပန်ဆပ်ကျေးရွာ၊ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများသည် ဟုမ္မလင်း၊ ခန္တီးနှင့်မော်လိုက်ခရိုင်များသို့ လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်နေမှုအခြေအနေများကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည်ဇွန်လ (၁၈) ရက်၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here