မိတ္ထီလာ စီးပွားရေးတက္ကသိုလ်တွင် ရုံးချိန်လွတ် အွန်လိုင်း မဟာဘွဲ့သင်တန်း (၂) ခုဖွင့်လှစ်မည်

0
180

မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့သင်တန်း (MBF) နှင့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevs) သင်တန်းများကို အွန်လိုင်းမှတဆင့် စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ ထုတ်ယူပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်အထိ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ မဟာဘွဲ့သင်တန်းများမှာဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့သင်တန်း (MBF) ၊ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevs)တို့ဖြစ်ပြီး ဘွဲ့သင်တန်းများအတွက်အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ၊ ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဌာန၏ အချိန်ပြည့်သင်တန်း တက်ရောက်ရန် ခွင့်ပြုချက် တင်ပြနိုင်သူ ဖြစ်ရမည်ဖြစ်ပြီးသက်ဆိုင်ရာ အကြီးအကဲ၏ ထောက်ခံချက်လက်မှတ် ပါရှိရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်တက်ရောက်နိုင်သူ ဖြစ်ရမည်ဖြစ်ပြီး MBF သင်တန်းအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ အတွေအကြုံလုပ်သက် အနည်းဆုံး (၂) နှစ် သင်တန်းအား (Online) စနစ်ဖြင့် သင်ကြားမည်ဖြစ်၍ ကွန်ပျူတာ တက်မြောက်ကျွမ်းကျင်ပြီး Google Classroom နှင့် Zoom Application များအား ကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းလျှောက်ထားသူများအနေဖြင့် ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲ ဖြေဆိုကြရမည်ဖြစ်ပြီး ရေးဖြေ စာမေးပွဲတွင် အဆင့်မှီသူများအား လူတွေ့ စစ်ဆေးရွေးချယ်၍ သင်တန်းသားဦးရေ ကန့်သတ်လက်ခံမည်ဖြစ်ကြောင်း၊ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၃၀) ရက်တွင် ကျင်းပမည်ဖြစ်သည်။

သင်တန်းတက်ရောက်ရမည့် အချိန်ဇယားမှာ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ဖြစ်ကာ သင်တန်းကာလမှာ (၂) နှစ်ကြာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here