ပူတင်နှင့်ကင်မ်တို့ မိတ်ဖက်သဘောတူညီချက်လက်မှတ်ထိုး

0
636
In this pool photograph distributed by the Russian state agency Sputnik, Russian President Vladimir Putin (L) shakes hands with North Korea's leader Kim Jong Un (R) after a signing ceremony following their bilateral talks at Kumsusan state residence in Pyongyang, on June 19, 2024. - (Photo by Kristina Kormilitsyna / POOL / AFP)

ဟနွိုင်း၊ဇွန် ၁၉

ရုရှားသမ္မတပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့သည် အနောက်အင်အားစုများနှင့် အခြေအနေ တင်းမာနေချိန်၌ မိတ်ဖက်နှစ်နိုင်ငံအနက် တစ်နိုင်ငံက စစ်ရေးအရရန်လိုခံရပါက ကျန်တစ်နိုင်ငံက အကူအညီပေးရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

သဘောတူညီချက်၏အချက်အလက်များကို အသေးစိတ်မသိရသေးသော်လည်း စစ်အေးတိုက်ပွဲပြီးဆုံးချိန်မှစ၍ မော်စကိုနှင့်ပြုံယမ်းကြား အခိုင်မာဆုံးသော ချိတ်ဆက်မှုဖြစ်ကာ လုံခြုံရေး၊ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု၊ယဉ်ကျေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆက်ဆံမှုများအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာမြှင့်တင်မှုအဖြစ်လည်းနှစ်နိုင်ငံ‌ခေါင်းဆောင်များကဖော်ပြခဲ့သည်။

ယခုသဘောတူညီချက်သည် နှစ်ပေါင်း ၂၄ နှစ်အတွင်း သမ္မတပူတင်၏ ပြုံယမ်းသို့ပထမဆုံးခရီးစဉ်၌ သဘောတူခဲ့ကြခြင်းဖြစ်ပြီး ကင်မ်ကမူ ၎င်းတို့နှစ်နိုင်ငံအကြား ခိုင်မာသည့်ချစ်ကြည်ရင်းနှီးမှုရှိကာ မဟာမိတ်နှစ်နိုင်ငံအကြား အတိကျအခိုင်မာဆုံးသဘောတူညီချက်လည်းဖြစ်‌သည်ဟုဆိုခဲ့သည်။

ယင်းနောက် သမ္မတပူတင်က ယူကရိန်းအရေး၌ ‌ပြုံယမ်း၏ထောက်ခံမှုကို ချီးကျူးခဲ့ပြီး မော်စကိုအနေနှင့်လည်း ကိုရီးယားစစ်ပွဲကာလကတည်းကပြုံယမ်းဘက်မှရပ်တည်ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းနောက်နှစ်နိုင်ငံခေါင်းဆောင်များသည် လက်ဆောင်ပစ္စည်းများကို ဖလှယ်ခဲ့ကြပြီး ပူတင်က ကင်မ်အား ရုရှားလုပ် Aurus ဇိမ်ခံကားတစ်စီးနှင့် လက်ဖက်ရည်ပန်းကန်တစ်စုံ၊ရေတပ်အရာရှိသုံး ဓ-ားမြှောင်တစ်ချောင်းအပါအဝင် အခြားလက်ဆောင်များကိုပေးအပ်ခဲ့ကာ ကင်မ်၏လက်ဆောင်များတွင်မူ ပူတင်၏ပုံတူပန်းချီလည်းပါဝင်သည်ဟုသိရသည်။

ဆက်လက်ပြီးသမ္မတပူတင်က အိမ်နီးချင်းကောင်းဟူသည် အဝေးရောက်ဆွေမျိုးထက် ပိုခင်တွယ်စရာကောင်းသည်ဟုဆိုကာ ၎င်းတို့နှစ်နိုင်ငံကြားဆက်ဆံရေးသည် ကျန်အနောက်အုပ်စုများမနာလိုစရာဆက်ဆံရေးမျိုးဖြစ်ကြောင်းလည်းညစာစားပွဲ၌ပြောကြားခဲ့သည်။

နှစ်နိုင်ငံနယ်စပ်၌ လမ်းတံတားတည်ဆောက်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ဆေးပညာနှင့် သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း ခရင်မလင်ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

ယင်း‌နောက်ရုရှားသည် မြောက်ကိုရီးယားနှင့် စစ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း ပူတင်ကပြောကြားခဲ့သည်။

Source : အေဘီစီ နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here