မြိတ်တွင် အရက်ကြောင်နေသည့် အမျိုးသားက စိတ်ဝေဒနာရှင် အမျိုးသားအား ရိုက်နှက်သဖြင့် အသက်ဆုံးရှုံး

0
236

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ဘုရားကြီးတန်းလမ်းတွင် ယမန်နေ့ ဇွန်လ (၁၉) ရက်က အရက်ကြောင်နေသည့် အမျိုးသားတစ်ဦးက စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးအား ရိုက်နှက်ခဲ့သည့်အတွက် စိတ်ဝေဒနာရှင်အမျိုးသား အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုထံမှ သိရသည်။

အသက်ဆုံးရှုံးသူ စိတ်ဝေဒနာရှင်အမျိုးသားမှာ ဘုရားကြီးတန်းလမ်းတစ်လျှောင်တွင် နေထိုင်တောင်းရမ်းစားသောက်နေသူတစ်ဦးဖြစ်ပြီး အိမ်ခြေမဲ့တစ်ဦးဖြစ်ကြောင်း သိရသည်။

ရိုက်နှက်ခဲ့သည့် အရက်ကြောင်သူအမျိုးသားမှာလည်း အဆိုပါ လမ်းတစ်လျှောက်သွားလာနေသူဖြစ်ပြီး၊ နေရပ်လိပ်စာအတည်တကျမရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။

“ပတ်ဝန်းကျင်က ဝိုင်းဆွဲကြသေးတယ်။ ဒါပေမဲ့ ရူးနေတဲ့သူက ‌ေ-သသွားပြီ။ ရဲတပ်ဖွဲ့ကတော့ အရက်ကြောင်တဲ့သူကို ဖမ်းဆီးခေါ်ဆောင်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

‌ေ-သဆုံးသူ စိတ်ဝေဒနာရှင် အမျိုးသားအား မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီးနောက် စစ်ဆေးမှုခံယူကာ ညနေပိုင်းတွင် ဒေသတွင်းနာရေးကူညီမှုအသင်းတစ်သင်းဖြစ်သည့် ဝဋံသကယနာရေးကူညီမှု အသင်းက ပိုင်ရှင်မဲ့အဖြစ် ကလွင်သုဿန်၌ နေ့တွင်းချင်း မီးသဂြိုဟ် ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- CJ


LEAVE A REPLY

Please enter your comment!
Please enter your name here