ရွှေပြည်သာ တံတားအဆင်းတွင် ယာဉ်တို-က်မှု ဖြစ်ပွားပြီး လူည-ပ်နေသည့်အတွက် ကယ်ထုတ်ခဲ့ရကာ (၂) ဦး ထိခိုက်ဒဏ်ရာရ

0
501

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်ကို ဆက်သွယ်ထားသည့် ရွှေပြည်သာတံတားအဆင်းတွင် ယာဉ်တို-က်မှုဖြစ်ပွားပြီး လူည-ပ်နေသည့်အတွက် ကယ်ထုတ်ခဲ့ရကာ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဇွန် (၂၀) ရက်၊ နေ့လယ် (၁၁)နာရီ (၅၀)မိနစ်အချိန်က ရွှေပြည်သာတံတားအဆင်းတွင် ယာဉ်တို-က်မှု ဖြစ်ပွားကြောင်း သတင်းအရ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကားခေါင်းခန်းအတွင်းည-ပ်နေသူ ယာဉ်မောင်းအား နေ့လယ် (၁၂)နာရီ (၁၀)မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား (၂)ဦး (မစိုးရိမ်ရ)တို့အား ကနောင်လူမှုကူညီရေးအသင်းနှင့် Medical လူငယ်များအသင်းယာဉ်တို့ဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here