ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ရုရှားသံအမတ်ကြီး တွေ့ဆုံ၊
ပင်းပက်စက်ရုံ အမြန်ဆုံးလည်ပတ်နိုင်ရေး ရုရှားကူညီပေးမည်

0
183

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E.Mr.Iskander Azizov သည် ယမန်နေ့ ဇွန် (၁၉) က အလုပ်သဘောအရ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရရုံးခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပင်းပက်စက်ရုံကို သွားရောက်လေ့လာခဲ့ကာ စက်ရုံလည်ပတ်နိုင်ရန် ကူညီပေးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဟိုးယခင်ကရုရှဆောက်ပေးခဲ့သော စဝ်စံထွန်းဆေးရုံကိုလည်း ပြန်လည် လေ့လာမည်ဖြစ်ကာ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံချစ်ကြည်ရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်ကလည်း ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံသည် ရှေ့ဆက်ကာ နိုင်ငံအချင်းချင်း ဘက်ပေါင်းစုံတိုးတက် အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့်အပြင် ပြည်သူအချင်းချင်း ခရီးသွားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပင်းပက်စက်ရုံကို အမြန်ဆုံးလည်ပတ်နိုင်အောင် ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် စဝ်စံထွန်းဆေးရုံအပြင် တောင်ကြီးမြို့ရှိ ပြည်သူများအတွက် သောက်ရေ၊ သုံးရေ၊ ရေကန်များကိုလည်း တည်ဆောက်ပေးခဲ့၍ လက်ရှိအချိန်အထိ မြို့ပေါ်နေပြည်သူများက သောက်ရေ၊ သုံးရေကို အသုံးပြုနေရသည့်အတွက် ကျေးဇူးတင်ရှိကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here