လားရှိုးတွင် မပေါက်ကွဲသေးသည့် ဗုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား၊ ကလေး (၃)ဦး ဒဏ်ရာရရှိ

0
221

လားရှိုးမြို့ ၊ ရပ်ကွက်(၇)၊ နယ်မြေ(၆) တွင် ယနေ့ ဇွန်(၂၀)ရ က် မွန်းလွဲ(၁)နာရီ မိနစ်(၂၀)အချိန်ခန့်က မပေါက်ကွဲသေးသ ည့် ဗုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်း မြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဗုံး‌ပေါက်ကွဲမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသော ကလေးငယ်များမှာ အသက် (၁၄)နှစ်နှင့် (၉)နှစ်အရွယ် ယောက်ျားလေး (၂)ဦးနှင့် အသက် (၅) နှစ်အရွယ် မိန်းကလေး(၁)ဦးတို့ ဖြစ်ပြီး လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ဗုံးကို ကောက်လာပြီး ဆော့ရာကနေ ‌ပေါက်တာ။ ကလေးတွေက ဆော့တဲ့ကလေးနားမှာ လာကြည့်ကြတဲ့အချိန်ပေါ က်ကွဲသွားတာ။ ကလေးတစ်ယောက်တော့ လက်ပြတ် ဒဏ် ရာရတယ်။ လုံခြုံရေးအဖွဲ့တွေလည်း ရောက်လာတယ်”ဟု ၎င်း က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြေမြှပ်မိုင်းနှင့် စစ်ကျန်လက် နက်များ ပေါက်ကွဲမှုကြောင့် သေဆုံးသူပေါင်း (၃၀) ကျော်အထိရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ရာနှင့်ချီရှိနေပြီဖြစ်ကြော င်း ဒေသတွင်း အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ စစ်တမ်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here