အာဆီယံ-ဂျပန်စင်တာ၏ (၄၄) ကြိမ်မြောက်အစည်းအဝေးစတင်ဆွေးနွေး

0
177

အာဆီယံ – ဂျပန် စင်တာ၏ (၄၄) ကြိမ်မြောက် ကောင်စီဒါရိုက်တာများ၏ ပထမအကြိမ် အစည်းအဝေးတွင် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အာဆီယံ – ဂျပန်စင်တာမှ အကောင် အထည်ဖော်သွားမည့် လုပ်ငန်းများနှင့် ဘဏ္ဍာငွေလျာထားမည့် အခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အာဆီယံ – ဂျပန်စင်တာ (ASEAN-Japan Centre) ၏ (၄၄) ကြိမ်မြောက် ကောင်စီဒါရိုက်တာများ၏ ပထမအကြိမ် အစည်း အဝေးကို ယနေ့ ဇွန်(၂၀) ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးသို့ မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန် ဦးဆောင်သည့် ကိုယ် စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကောင်စီဒါရိုက်တာ အစည်းအဝေးအား ဗီယက်နမ်နိုင်ငံ၏ ကောင်စီဒါရိုက်တာဖြစ်သူ Mr. Vu Ba Phu က သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကောင်စီဒါရိုက်တာများ၊ ဂျပန်နိုင်ငံ၏ ကောင်စီဒါရိုက်တာဖြစ်သူ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် အနောက်တောင်အာရှရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Nakamura Ryo၊ အာဆီယံ – ဂျပန်စင်တာ အတွင်းရေးမှူးချုပ် Dr. Kunihiko Hirabayashi နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ၊ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေး၊ ကုန်သွယ်ရေး နှင့်စက်မှုဝန်ကြီးဌာနနှင့် မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း ကိုယ်စားလှယ် (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အာဆီယံ-ဂျပန်စင်တာမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ဘဏ္ဍာငွေလျာထားဆောင်ရွက်သွားမည့် အခြေအနေများ၊ အာဆီယံ – ဂျပန်စင်တာ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ – ဂျပန် စင်တာ အတွင်းရေးမှူးချုပ်အား လက်ရှိရာထူးတွင် ပြန်လည်ခန့်အပ်နိုင်ရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန်မှ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများ၊ အာဆီယံ – ဂျပန်စင်တာ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံ – ဂျပန်စင်တာ အတွင်းရေးမှူးချုပ်အား လက်ရှိ ရာထူးတွင် ပြန်လည်ခန့်အပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here