နူး‌ဒေလီ၌ အပူလှိုင်းကြောင့် နှစ်ရက်အတွင်း ဒါဇင်နှင့်ချီ၍‌ေ-သ

0
313
A supporter drinks water from a pipe at the end of the Kisan Samman Sammelan (farmer's honour conference) addressed by India’s Prime Minister Narendra Modi, on the outskirts of Varanasi on June 18, 2024 amid heatwave. - Searing heatwave temperatures in northern India pushed power demand to a record high, the government said on June 18, with residents of the capital New Delhi also struggling with water shortages. (Photo by Niharika KULKARNI / AFP)

နူးဒေလီ၊ဇွန် ၂၀

အိန္ဒိယနိုင်ငံ၌ အပူချိန်လွန်ကဲမှုကြောင့် နူးဒေလီတွင် နှစ်ရက်အတွင်း ၅၂ ဦး‌ေ-သဆုံးခဲ့ကြောင်း The Times of India ကဖော်ပြခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း ရုပ်အလော-င်း အနည်းဆုံး ၅၂ လော-င်းကို ဆေးရုံများသို့ပို့ဆောင်ခဲ့ရကြောင်း Times of India တွင်ဖော်ပြခဲ့ပြီး ၎င်းတို့အများစုမှာ ငတ်မွတ်ခေါင်းပါး၊နွမ်းပါးသူများဖြစ်ကာ လမ်းမထက်၌ ရုန်းကန်လှုပ်ရှားနေထိုင်လုပ်ကိုင်ကြရသူများဖြစ်သည်ဟုလည်းဆိုသည်။

အိန္ဒိယနိုင်ငံ၌ ယခုနွေရာသီတွင် အပူရှပ်သည်ဟုသံသယရှိသူ ၄၀,၀၀၀ ကျော်ရှိခဲ့ပြီး မတ် ၁ ရက်မှ ဇွန် ၁၈ ရက်အတွင်း ‌ေ-သဆုံးသူ အနည်းဆုံး ၁၁၀ ဦးရှိကြောင်းသိရပြီး အိန္ဒိယအနောက်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင်မူ ပုံမှန်အပူလှိုင်းရက်များထက် နှစ်ဆအထိတက်ခဲ့သည်။

ယခုကဲ့သို့ ကြာရှည်သည့် နွေရာသီကို သဘာဝဘေးအန္တရာယ်အဖြစ်သတ်မှတ်သင့်သည် ဟု ဟိန္ဒူသတင်းစာ၏အယ်ဒီတာ့အာဘော်တွင်ဖော်ပြထားပြီး ရေပြတ်တောက်မှုနှင့်ဓာတ်အားလိုအပ်ချက်ကိုလည်း ထောက်ပြခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အပူဒဏ်ကြောင့်ရောက်လာသည့်လူနာများကို ချက်ချင်းဂရုစိုက်ကုသရန် ပြည်ထောင်စုနှင့် ပြည်နယ်အဖွဲ့အစည်းများကို ညွှန်ကြားထားပြီး ဆေးရုံများတွင်လည်း ကုတင်များကို ပိုမိုစီမံထားနိုင်ရန်ညွှန်ကြားထားသည်။

မိုးလေဝသရုံးက ယခုလအတွက် ပုံမှန်အပူချိန်ထက် ကျော်လွန်မည်ဟု ခန့်မှန်းထားပြီး ဒေလီတွင် အနိမ့်ဆုံးအပူချိန်ပင် ၃၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြစ်ခဲ့ကြောင်း မိုးလေဝသဌာန၏အချက်အလက်များအရသိရသည်။

Source : ရိုက်တာ၊အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here