Wednesday, January 15, 2025

ထိုင်လျှက်ဖြင့်ဘဝနတ်ထံလွန်‌တော်မူခဲ့သည့် ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ် ဘဒ္ဒန္တ ပညာသာရသည် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား...

ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola...

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းများ၏ ဝတ်စုံစပွန်ဆာ အဖြစ် ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့် နှစ်ဖက်သဘောတူညီမှု MoU...
HomeNewsLocal Newsနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ်အတွင်း ရာသီတုပ်ကွေးဖြစ်ပွားမှု...

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ်အတွင်း ရာသီတုပ်ကွေးဖြစ်ပွားမှု များပြားလာ ဆေးဝါးလိုအပ်ချက်များ ရှိနေဟု ဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း ရာသီတုပ်ကွေးဖြစ်ပွားမှုများပြားနေပြီး၊ ကုသနိုင်မည့် ဆေးဝါးများ လုံလောက်စွာမရှိသဖြင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ ဒေသအတွင်း ရာသီတုပ်ကွေး ကူးစက်ပျံ့ပွားမှုမှာ (၂)ပတ်ကျော်ကြာ ရှိနေပြီး နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ တစ်ရက်လျှင် ဒေသခံ(၁၀၀)ဝန်းကျင်ခန့် လာရောက် ပြသလျှက်ရှိကြောင်း သိရသည်။

ရာသီတုပ်ကွေးဖြစ်ပွားနေသည့် ဒေသခံများအား ကုသနိုင်ရန် ထိုးဆေးအပါအဝင် သောက်ဆေးများလည်း လိုအပ်လျှက်ရှိနေ ကြောင်း သိရသည်။

“ဒေသခံတွေက ကိုယ်ပူတာတွေ ၊ လည်ချောင်းနာတာ ချောင်းဆိုတာတွေ ဖြစ်ကြတယ်။ ဖြစ်တာကတော့ က-လေ-း လူ ကြီး အားလုံးပဲ။ ဆေးက ဖူဖူလုံလုံမရှိတာပေါ့။ ရောဂါအတွက် ဆေးငါးမျိုးလောက်စပ်ပြီး သောက်ရမယ့် အခြေအနေက နှစ်မျိုးသုံးမျိုးလောက်ပဲပေးနိုင်တယ်။ ထိုးဆေးဆို မရှိသလောက်ပဲ”ဟု ၎င်းက ပြောသည်။

နန်းယွန်းမြို့သည် မိုးရာသီကာလအတွင်း လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့်‌အတွက် ကျန်းမာရေး၊ စားဝတ်နေရေးခက်ခဲသည့် ဒေသတစ်ခုဖြစ်သလို ကူးစက်တတ်သည့် ရာသီတုပ်ကွေးနှင့် ဝမ်းရောဂါများဖြစ်ပွားပါက ဆေးဝါးအလွယ် တကူရောက်ရှိရန် ခက်ခဲသည့် ဒေသလည်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်လျှက်ဖြင့်ဘဝနတ်ထံလွန်‌တော်မူခဲ့သည့် ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ် ဘဒ္ဒန္တ ပညာသာရသည် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ ၄၀ မိနစ်က ထိုင်လျှက်အနေအထားဖြင့် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည်။ ဆရာတော်ကြီးသည် သီတင်းသုံးနေထိုင်တော်မူလျှက်ရှိသည့် ဇောတိကာရုံကျောင်းဆောင်တွင် ထိုင်လျှက်အနေအထားဖြင့် ဓူတင်ကျင့်ဆောင်တော်မူနေစဥ် ရုတ်တရက်ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ပျံလွန်တော်မူသွားခဲ့သည့် ထိုင်ခုံပေါ်တွင်ထားရှိကာ ယင်း ထိုင်ခုံအား မှန်ဖြင့်ကာရံ၍ (၇)ရက်တိုင်အပူဇော်ခံထားရှိမည်ဖြစ်သည်။ ဆရာတော်ကြီးသည် ကျန်းမာရေးကောင်းမွန်ကာ ဆေးကုသနေရခြင်းမရှိဘဲ နေ့စဥ် ဆွမ်းခံကြွတော်မူလေ့ရှိပြီး ဒကာ၊ ဒကာမများအား တရား ဟောကြားမှုများကို အစဥ်ပြုလုပ်တော်မူလေ့ရှိပြီး...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု ဆိူ

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်နိုင်သည်ဟု ဆိုသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို မြန်မာနိုင်ငံအနှံ့အပြား မြေပေါ်တွင်လည်းကောင်း၊ မြေအောက်မှ လည်းကောင်း၊ ရေပေါ် ရေအောက်တွင်လည်းကောင်း ရှေးဟောင်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့် နေရာများ၌ သုတေသနပြုလေ့လာခြင်းများမှ တွေ့ရှိရခြင်း၊ထွန်ယက်စိုက်ပျိုးခြင်း၊ ကျင်းတူးခြင်း၊ စသည့်လုပ်ငန်းများ ဆောင်ရွက်စဉ် မတော်တဆ တွေ့ရလေ့ရှိတတ်သည်ဟုဆိုသည်။ ထိုသို့...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား ယနေ့ ဗုဒ္ဓဟူးနေ့တွင် ဖ-မ်းဆီး ထိန်းသိမ်းလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့မှ ပြောကြားလိုက်သည်။ ယွန်ကို ဖ-မ်းဆီးထိန်းသိမ်းမှုသည် လက်ရှိသမ္မတအဖြစ်တာဝန်ယူနေသူတစ်ဦးအား တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံး ဖ-မ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများသည် ယနေ့နံနက်ပိုင်းတွင် ယွန်၏ တရားဝင်နေအိမ်သို့ဝင်ရောက်ခဲ့ပြီး သမ္မတလုံခြုံရေးတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရာတွင် ဒီဇင်ဘာ ၃ ရက် စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်၍ ယွန်အား ဖ-မ်းဆီးရန် ထုတ်ထားသည့် ဖ-မ်းဝရမ်းကို ပြသခဲ့ရသည်။ ယခုအခါမူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071