နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ်အတွင်း ရာသီတုပ်ကွေးဖြစ်ပွားမှု များပြားလာ ဆေးဝါးလိုအပ်ချက်များ ရှိနေဟု ဆို

0
292

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း ရာသီတုပ်ကွေးဖြစ်ပွားမှုများပြားနေပြီး၊ ကုသနိုင်မည့် ဆေးဝါးများ လုံလောက်စွာမရှိသဖြင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ ဒေသအတွင်း ရာသီတုပ်ကွေး ကူးစက်ပျံ့ပွားမှုမှာ (၂)ပတ်ကျော်ကြာ ရှိနေပြီး နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ တစ်ရက်လျှင် ဒေသခံ(၁၀၀)ဝန်းကျင်ခန့် လာရောက် ပြသလျှက်ရှိကြောင်း သိရသည်။

ရာသီတုပ်ကွေးဖြစ်ပွားနေသည့် ဒေသခံများအား ကုသနိုင်ရန် ထိုးဆေးအပါအဝင် သောက်ဆေးများလည်း လိုအပ်လျှက်ရှိနေ ကြောင်း သိရသည်။

“ဒေသခံတွေက ကိုယ်ပူတာတွေ ၊ လည်ချောင်းနာတာ ချောင်းဆိုတာတွေ ဖြစ်ကြတယ်။ ဖြစ်တာကတော့ က-လေ-း လူ ကြီး အားလုံးပဲ။ ဆေးက ဖူဖူလုံလုံမရှိတာပေါ့။ ရောဂါအတွက် ဆေးငါးမျိုးလောက်စပ်ပြီး သောက်ရမယ့် အခြေအနေက နှစ်မျိုးသုံးမျိုးလောက်ပဲပေးနိုင်တယ်။ ထိုးဆေးဆို မရှိသလောက်ပဲ”ဟု ၎င်းက ပြောသည်။

နန်းယွန်းမြို့သည် မိုးရာသီကာလအတွင်း လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့်‌အတွက် ကျန်းမာရေး၊ စားဝတ်နေရေးခက်ခဲသည့် ဒေသတစ်ခုဖြစ်သလို ကူးစက်တတ်သည့် ရာသီတုပ်ကွေးနှင့် ဝမ်းရောဂါများဖြစ်ပွားပါက ဆေးဝါးအလွယ် တကူရောက်ရှိရန် ခက်ခဲသည့် ဒေသလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here