အပူဒဏ်‌ကြောင့် ဆော်ဒီ၌ ဟာ့ဂ်ျဘုရားဖူး ထောင်ကျော် ‌ေ-သဆုံး

0
548
Muslim pilgrims gather to perform the farewell circumambulation or "tawaf", circling seven times around the Kaaba, Islam's holiest shrine, at the Grand Mosque in the holy city of Mecca on June 18, 2024 at the end of the annual hajj pilgrimage. (Photo by AFP)

ရီယာဒ်၊ဇွန် ၂၀

ယခုနှစ်တွင် ဆော်ဒီအာရေဗျသို့ ဟာ့ဂ်ျဘုရားဖူးလာသူများအနက် အပူဒဏ်ကြောင့်‌ ‌ေ-သဆုံးသူသည် ထောင်ကျော်အထိ ဖြစ်လာကြောင်း အာဏာပိုင်များကထုတ်ပြန်ကြေငြာခဲ့သည်။

ကြာသပတေးနေ့အထိ ‌ေ-သဆုံးသူများထဲတွင် အီဂျစ်နိုင်ငံမှ ၅၈ ဦးပါဝင်ကြောင်းသိရသည်။ ယခုနှစ် ဟာ့ဂ်ျ ဘုရားဖူးကာလအတွင်း အပူဒဏ်ကြောင့် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ‌ေ-သဆုံးသူသည် စုစုပေါင်း ၁,၀၈၁ ဦးအထိရှိလာပြီဖြစ်ကြောင်းဖော်ပြထားသည်။

‌ေ-သဆုံးမှုပမာဏကိန်းဂဏန်းများသည် တရားဝင်ထုတ်ပြန်ချက်များ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ထမ်းဆောင်နေသည့် သံတမန်များထံမှထွက်ပေါ်လာခြင်းဖြစ်သည်။

ဆော်ဒီ နိုင်ငံ မိုးလေဝသဌာနက ယခုသီတင်းပတ်အစောပိုင်း၌ မက္ကာမြို့ရှိ Grand Mosque တွင် အပူချိန် ၅၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ခဲ့သည်။

ပြီးခဲ့သည့်လကထုတ်ပြန်ခဲ့သည့် သတင်းတစ်ခုတွင် အဆိုပါဒေသရှိအပူချိန်သည် ဆယ်စုနှစ်တစ်ခုလျှင် ၀ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လျက်ရှိသည်ဟုဖော်ပြထားသည်။

မွတ်ဆလင်ဘာသာဝင်များအထွဋ်အမြတ်ထားရာ မက္ကာ သို့ ဘုရားဖူးသွားရန်ကုန်ကျစရိတ်မှာ ကြီးမားသည့်အတွက် အများစုက တရားမဝင် သောနည်းလမ်းများဖြင့် ဝင်ရောက်ဖူးမြော်ရာမှ တရားဝင်ဘုရားဖူးများအတွက် ဆော်ဒီအစိုးရစီစဉ်ထားသည့် လေအေးပေးစက်နှင့်သက်သောင့်သက်သာနေရာထိုင်ခင်းမရသည့်အတွက် ယခုကဲ့သို့‌သော အဖြစ်မျိုး ကြုံကြရခြင်းဖြစ်သည်။

‌ေ-သဆုံးသူများထဲတွင် အီဂျစ်အပြင် မလေးရှား၊ပါကစ္စတန်၊အိန္ဒိယ၊ဂျော်ဒန်၊အင်ဒိုနီးရှား၊အီရန်၊ဆီနီဂေါ၊တူနီးရှားနှင့် အီရတ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကာဒီစတန်မှ ဘုရားဖူးများပါဝင်သည်ဟုသိရှိရသည်။

Source : အေအက်ဖ်ပီ/အာရ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here