MNL League Cup ချန်ပီယံဆုဖလား အသင်းပရိတ်သတ်ထံအပ်နှံသွားမည်ဟု အသင်းနည်းပြချုပ် ပြော

0
413

MNL League Cup 2024 ချန်ပီယံဆုဖလားအား လာမည့် ဇူလိုင်(၇)ရက်၌ အသင်းပရိတ်သတ်ထံ အပ်နှံသွားမည်ဟု အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောကြားသည်။

၂၀၂၄ -၂၀၂၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲအား ရှမ်းယူနိုက်တက်၏ အိမ်ကွင်းဖြစ်သည့် တောင်ကြီးမြို့တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါ ပွဲစဉ်အတွင်း အပ်နှံသွားမည်ဖြစ်ကြောင်း ဆိုသည်။

ရှမ်းယူနိုက်တက်အသင်း အနေဖြင့် ယခင်နှစ်များကဲ့သို့ပင် ယခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ၏ အိမ်ကွင်းပွဲစဉ်များကိုလည်း တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတွင် ဇူလှိုင်လ(၇)ရက်မှစတင်၍ စုစုပေါင်း(၁၁)ပွဲ လက်ခံကျင်းပသွားမည်ဖြစ်သည်။

လက်ရှိတွင် တောင်ကြီးအားကစားကွင်း မြက်ခင်းအနေအထားပိုမိုကောင်းမွန်ရေး၊ အိမ်ရှင်ကလပ်အသင်းနှင့် ဧည့်သည်အသင်းများအတွက် သတ်မှတ်ရက်များအတိုင်း လေ့ကျင့်မှု ပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် ၂၀၂၄ -၂၀၂၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဇူလိုင်(၆)ရက်မှ ဖေဖော်ဝါရီ(၂၈) ရက်အထိ ရန်ကုန်၊ ပုသိမ်နှင့် တောင်ကြီးမြို့တို့တွင် နှစ်ကျော့စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here