ကင်က ပူတင်ကို ခွေးတစ်စုံ လက်ဆောင်ပေး

0
364

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ဒေသမျိုးရင်း Pungsan ခွေးတစ်စုံ လက်ဆောင်ပေးခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဋ္ဌာနက ကြာသပတေးနေ့(ဇွန် ၂၀) မှာ ဖော်ပြပါတယ်။

ကိုရီးယား ဗဟိုရုပ်မြင်သံကြားဋ္ဌာနက ဖော်ပြခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ နှင်းဆီးခြံစည်းရိုး ခြံဝန်းတစ်ခုအတွင်းက ခွေးနှစ်ကောင်ကို ကင်နဲ့ ပူတင်တို့ ကြည့်ရှု့နေခဲ့ကြတာတွေ့ရပါတယ်။

သူတို့နှစ်ဦးဟာ တိရိစ္ဆာန်တွေအပေါ် ချစ်မြတ်နိုးသူတွေဖြစ်ဖြစ်ပြီး ကင်က မြ-င်းတစ်ကောင်ကို မုန်လာဥနီကျွေးနေစဉ် ပူတင်က မြင်းရဲ့ ဦးခေါင်းကို ပွတ်သပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ခေါင်းဆောင်နှစ်ဦးဟာ ဗုဒ္ဓဟူးနေ့က ရုရှားလုပ် Aurus ဇိမ်ခံကားကို တစ်ယောက်တစ်လှည့် မောင်းနှင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြ-င်းစီ-းဝါသနာအိုး ကင်ဟာ ၂၀၁၉ ခုနှစ်က နိုင်ငံပိုင် မီဒီယာကနေ ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေမှာ နှင်းတွေကျနေစဉ် Paektu တောင်မှာ အဖြူရောင်မြ-င်းတစ်ကောင်ကို စီ-းနေတဲ့ ဓါတ်ပုံက နာမည်ကျော်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်က ဝါဒဖြန့် ဗီဒီယိုတစ်ခုမှာလည်း သူက မြင်-းဖြူတစ်ကောင်ကို စီ-းပြခဲ့ဖူးပါတယ်။

Pungsan ခွေးမျိုးတွေဟာ မြောက်ကိုရီးယား မြောက်ပိုင်းဒေသတစ်ခုရှိ ဒေသရင်း အမဲလိုက်ခွေးမျိုးတွေကနေ ဆင်းသက်တဲ့ မျိုးစိတ်တွေဖြစ်ပါတယ်။

ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်ခဲ့စဉ်ကာလအတွင်း တောင်ကိုရီးယားသမ္မတဟောင်း မွန်ဂျေးအင်ဟာလည်း ၂၀၁၈ ခုနှစ်မှာ ကင်ထံကနေ “ဂိုမီ” နဲ့ “ဆောင်ဂမ်” အမည်ရ Pungsan ခွေးဖြူနှစ်ကောင် လက်ဆောင်ရရှိခဲ့ဖူးကြောင်း သိရပါတယ်။

Ref: Asharq Al-awsat


LEAVE A REPLY

Please enter your comment!
Please enter your name here