ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ

0
509

ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံ ရောက်ရှိလာရာ လုပ်ထုံးလုပ်နည်းနှင့် အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းအမျိုးသား အဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာ‌သော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Win Motor Myanmar Co.,Ltd မှ တင်သွင်းသော တရုတ်နိုင်ငံထုတ် FAW VOLKSWAGEN ID-4 နှင့် LIVAN MAPLE 60S အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။

ထို့ပြင် Earth Renewable Energy Co.,Ltd မှ တင်သွင်းသော တရုတ်နိုင်ငံထုတ် WULING BINGO အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ နှင့် Grand Sirius Co.,Ltd မှ တင်သွင်းသည့် တရုတ်နိုင်ငံထုတ် NETA AYA အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုသို့ ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော် တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ဇွန် (၂၀) ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here