ယူကရိန်းသို့ Patriot၊ NASAMS လေကာစနစ်များအတွက် ဒုံးခွင်းဒုံးများကိုသာ အမေရိကန် ပို့မည်

0
294

အမေရိကန်သည် Patriot နှင့် NASAMS လေကြောင်းရန်ကာကွယ်ရေးစနစ်များအတွက် ကြားဖြတ် တိုက်ခိုက်ရေး ဒုံးခွင်းဒုံးများကိုသာ ယူကရိန်းသို့ ပေးပို့မည်ဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာဆက်သွယ်ရေးညှိနှိုင်းရေးမှူး John Kirby က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အခုလောလောဆယ်မှာ ကျွန်တော်တို့မှာ ထုတ်လုပ်မှုလိုင်းကနေ ထွက်လာတဲ့ အရည်အချင်းပြည့်မီတဲ့ စနစ်တွေ မရှိပါဘူး။ ဒါကြောင့် အခုအချိန်မှာတော့ ဒုံးခွင်းဒုံးတွေကိုပဲ ပေးပို့သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

အသစ်ထုတ်လုပ်ထားသော Patriot နှင့် NASAMS စနစ်အတွဲများအားလုံးကို ယူကရိန်းသို့ တင်ပို့ရန် ဝါရှင်တန်၏ ဆုံးဖြတ်ချက်ကို ကြေညာပြီးနောက်၊ လောလောဆယ်တွင်မူ ပေးပို့ရန် အသစ်စက်စက်စနစ်များ မရရှိနိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“ပစ်လွှတ်ကိရိယာတွေ၊ ရေဒါစနစ်တွေ၊ အဲဒါတွေအကုန်လုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ လေကာစနစ်ကြီးကို ကျွန်တော်တို့ လေ့လာကြည့်ခဲ့ပြီး အဲဒါကို ကျွန်တော်တို့ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဝါရှင်တန်သည် ယူကရိန်းအား ပံ့ပိုးကူညီလိုသည့် ဆန္ဒရှိသည့် ဥရောပတိုက်ရှိ အခြားနိုင်ငံများနှင့် နီးနီးကပ်ကပ် လုပ်ဆောင်ခဲ့ကြောင်းကိုလည်း John Kirby က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here