ယခုနှစ် မိုးရာသီ ရုံးပိတ်ရက်များအတွင်း ဇင်းကျိုက်ရေတံခွန်သို့ ထောင်နှင့်ချီ၍ လည်ပတ်သူများပြား

0
174

မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရေတံခွန်သို့ မိုးရာသီ လည်ပတ်စရာ နေရာတစ်ခုအဖြစ် နေ့စဉ် လာရောက်လည်ပတ်သူ များပြားနေပြီး ရုံးပိတ်ရက်များတွင် လာရောက်သူဦးရေ ထောင်ချီအထိရှိနေကြောင်း မော်လမြိုင်မြို့ ဒေသခံများနှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

အဆိုပါ ဇင်းကျိုက်ရေတံခွန်၌ ပြီးခဲ့သည့် မေလမှ စတင်၍ သီတင်းကျွတ်ကာလအထိ ရေကစားနိုင်ပြီး ဒေသခံများအပြင် မော်လမြိုင်၊ သထုံ၊ ဘားအံ အစရှိသည့် နေရာဒေသများမှ နေ့စဉ်လာရောက်လည်ပတ်သူ များပြားလျက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ရေတံခွန်သို့ လာရောက်လည်ပတ်သူ ဦးရေမှာ (၁၀၀၀)မှ (၃၀၀၀) ဝန်းကျင်ခန့်အထိရှိနေကြောင်း အဆိုပါ ရေတံခွန်အနီးရှိ အောင်နဝရတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“ရုံးဖွင့်ရက်တောင် လူတော်တော်များတယ်။ ပိတ်ရက်တွေဆိုရင် လူတော်တော်လာတယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဆို ပိုများတာပေါ့။ ပိတ်ရက်ဆို ထောင်နဲ့ချီလာတယ်”ဟု လူ မှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဆိုသည်။

ယခင်နှစ်များက ဝါတွင်းကာလမှသာ လာရောက်လည်ပတ်သူ များပြားသော်လည်း ယခုနှစ်တွင် လာရောက်လည်ပတ်သူ ဦးရေမှာ ပိုမိုများပြားနေပြီး ယခင်နှစ်ထက်လည်း လာရောက်သူ များပြားနေကြောင်း ဒေသခံတို့က ဆိုသည်။

ဇင်းကျိုက်ရေတံခွန်သို့ လာရောက်သူ များပြားသောကြောင့် ဧည့်သည့် အန္တရာယ်မရှိစေရန် ရေတံခွန်အနီး ချော်လဲတတ်ကြောင်းနှင့် အမြင့်တက်ပြီး ကျနိုင်သည့် အန္တရာယ်ရှိသည့် နေရာများတွင် သတိပေးစာများ ကပ်ထားပေးပြီး လုံခြုံရေးအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့၊ ရပ်ကွက်များပူးပေါင်း၍လည်း ခရီးသွားပြည်သူများကို သတိထားစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here