ဗီယက်နမ်နှင့်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် အမေရိကအာရုံစိုက်မည်

0
451
In this pool photograph distributed by the Russian state agency Sputnik, Russia's President Vladimir Putin (L) and Vietnam's President To Lam (R) shake hands at the Presidential Palace in Hanoi on June 20, 2024. (Photo by Kristina Kormilitsyna / POOL / AFP) / -- EDITOR'S NOTE : THIS IMAGE IS DISTRIBUTED BY THE RUSSIAN STATE OWNED AGENCY SPUTNIK --

ဝါရှင်တန်၊ဇွန် ၂၁

တရုတ်နိုင်ငံကို ယှဉ်ပြိုင်နိုင်ရန်အတွက် အမေရိက၏အဓိကမဟာမိတ်ဖြစ်သည့် ဟနွိုင်းနှင့်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတပူတင်၏ ဗီယက်နမ်ခရီးစဉ်အပြီး၌ အိမ်ဖြူတော်ကထုတ်ပြန်ကြေညာခဲ့သည်။

ပူတင်သည်မြောက်ကိုရီးယားနှင့် အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ပူတင် ဗီယက်နမ်ရောက်ရှိချိန်၌ စစ်ရေးပြအခမ်းအနားဖြင့်ကြိုဆိုခဲ့သည်။ ဒေသတွင်း၌ ယုံကြည်စိတ်ချရသောလုံခြုံရေးကို တည်ဆောက်လိုကြောင်းလည်း ပူတင်က ဟနွိုင်းတွင်ပြောကြားခဲ့သည်။

ဝါရှင်တန်က ၎င်း၏ အရှေ့အာရှဆိုင်ရာ ထိပ်တန်းသံတမန်သည် အင်ဒို – ပစိဖိတ်ဒေသ၌ လွတ်လပ်ပွင့်လင်းမှုရှိစေရန် ဟနွိုင်းနှင့်ပူးပေါင်းဆောင်ရွက်မည့် ဝါရှင်တန်၏ ကတိကဝတ်ကို ဖေါ်ဆောင်ရန်အတွက် လာမည့်သောကြာနေ့နှင့်စနေနေ့များတွင် ဗီယက်နမ်သို့လာရောက်မည်ဖြစ်ကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။

သမ္မတပူတင်၏ ယခု ခရီးစဉ်ကို အနောက်အုပ်စုကို ပမာမခန့်ပြုခြင်းအဖြစ် သတ်မှတ်ပြီး ဟနွိုင်းက ပူတင်ကို လက်ခံကြိုဆိုမှုကိုလည်း အမေရိက ကဝေဖန်ခဲ့သည်။

သို့သော် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ထားသည့်ကြားမှပင် အာရှသို့ဦးလှည့်လာသည့် မော်စကို ၏ အဓိကအချက်အချာကျသော စွမ်းအင်အပါအဝင် အခြားကိစ္စရပ်များဆိုင်ရာ သဘောတူညီချက်များကိုပါ ရုရှားနှင့်ဗီယက်နမ်တို့ကလက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here