Wednesday, January 15, 2025

ဗီယက်နမ်နှင့်ရုရှားတို့ နျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက်မည်

ဟနွိုင်း၊ဇန်နဝါရီ ၁၅ ရုရှားဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား နျူကလီးယား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။ အဆိုပါသဘောတူလက်မှတ်ရေးထိုးခြင်းကို ရုရှား၏ နိုင်ငံတော်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းနှင့်ဗီယက်နမ်လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။ ရုရှားအနုမြူကော်ပိုရေးရှင်း...

ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို...

ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ဆောင်းရာသီကာလတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားစေတတ်သော ရာသီတုပ်ကွေးရောဂါပိုးများ၊ ကိုဗစ်...

၁၈နှစ်အောက်အိန္ဒိယကလေ-းများဆိုရှယ်မီဒီယာအကောင့်ဖွင့်လျှင်မိဘခွင့်ပြုချက်လို

အသက် ၁၈ နှစ်အောက် ကလေ-းများသည် ဆိုရှယ်မီဒီယာအကောင့်များ ဖွင့်ပါက မိဘ၏ သဘောတူခွင့်ပြုချက်လိုအပ်မည်ဖြစ်သော ဒစ်ဂျစ်တယ် ကိုယ်ရေးအချက်အလက်ကာကွယ်ရေး နည်းဥပဒေမူကြမ်းကို အိန္ဒိယဗဟိုအစိုးရက သောကြာနေ့တွင်...

အပူဆုံးအချိန် Heat Stroke ဖြစ်နိုင်မည့်...

လက်ရှိ ဆောင်းတွင်းကာလ အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များကို သတိထားကြရန်နှင့် အပူဆုံးအချိန်တွင် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို အသိရှိရှိကာကွယ်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင်...
HomeNewsLocal Newsရွှေတိဂုံစေတီတွင် နယုန်လပြည့် မဟာသမယ...

ရွှေတိဂုံစေတီတွင် နယုန်လပြည့် မဟာသမယ အခါတော်နေ့ကျင်းပ

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ကာ ယနေ့မနက်ပိုင်းမှ စတင်ပြီး စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများမှာ ကျင်းပခဲ့ခြင်းဖြစ်သ ည်။

ထိုသို့ကျင်းပရာတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဆွမ်းတော်ကြီး ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများဆက်ကပ်လှူဒါန်းခြင်း၊ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များကို စေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွါးတော်များတန်ဆောင်း၌ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ထို့ပြင် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

ထို့နောက် စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်းစုရပ်ကစတင်ကာ နယုန်လပြည့် မဟာသမယအခါတော်နေ့လှည်လည်ပူဇော်တာခြင်း၊ ကမ္ဘာသူကမ္ဘာသား ဝေနေယျသတ္တဝါအပေါင်းတို့ ငြိမ်းချမ်းစေဖို့ ရည်သန်၍ ရွှေတိဂုံ စေတီတော်ရင်ပြင်ပေါ်ရှိ ခေါင်းလောင်းများကို ပြိုင်တူတီးခတ်ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခြင်းကိုလည်း ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်နှင့်ရုရှားတို့ နျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက်မည်

ဟနွိုင်း၊ဇန်နဝါရီ ၁၅ ရုရှားဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား နျူကလီးယား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။ အဆိုပါသဘောတူလက်မှတ်ရေးထိုးခြင်းကို ရုရှား၏ နိုင်ငံတော်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းနှင့်ဗီယက်နမ်လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။ ရုရှားအနုမြူကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ် ကို လက်ခံတွေ့ဆုံစဉ် ဗီယက်နမ်ဝန်ကြီးချုပ်က ၎င်းအနေဖြင့် နိုင်ငံ၏နှစ်ပေါင်းများစွာနောက်ကျကျန်နေခဲ့သည့် နျူကလီးယားဓါတ်အားပေးစီမံကိန်းကို ပြန်လည်စတင်အကောင်အထည်ဖော်လိုပြီး တိုးတက်လာသောစက်မှုလုပ်ငန်းများနှင့် မြင့်မားလာသော လျှပ်စစ်စွမ်းအင်လိုအပ်ချက်များအတွက် ခိုင်မာစွာထောက်ပံ့ပေးလိုကြောင်းဆိုခဲ့သည်။ ရုရှား နိုင်ငံတော်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းညွှန်ကြားရေးမှူးချုပ်ကမူ ၎င်းတို့အနေဖြင့် ဗီယက်နမ်နှင့်ပူးပေါင်းကာ နျူကလီးယားဓါတ်အားပေးစက်ရုံများတည်ဆောက်ခြင်း၊နည်းပညာလွှဲပြောင်းခြင်း၊နျူထုတ်ကုန်များကို ဗီယက်နမ်နိုင်ငံတွင်းထုတ်များအဖြစ်ပြောင်းလဲခြင်းများအတွက် ကူညီရန်အဆင်သင့်ရှိနေကြောင်းပြောကြားခဲ့သည်။ Source : ရှင်းဟွာ

ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဂရုပြုနေထိုင်ရန် MOHS သတိပေး

ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ဆောင်းရာသီကာလတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားစေတတ်သော ရာသီတုပ်ကွေးရောဂါပိုးများ၊ ကိုဗစ် - ၁၉ ရောဂါပိုး၊ Human meta pneumo virus (HMPV) ရောဂါပိုးစသည့် အဏုဇီဝရောဂါပိုးများ ကူးစက်ဖြစ်ပွားမှု မြင့်တက်လေ့ရှိပြီး ကလေ-းငယ်များ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကိုယ်ခံအားစနစ်ကျဆင်းနေသူများတွင် ရောဂါပိုမိုပြင်းထန်စွာ ခံစားရစေနိုင်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ကူးစက်ရောဂါများသည် ရောဂါပိုးကူးစက်ခံစားနေရသူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှထွက်ရှိသည့် အစက်အမှုန်များ(Droplets) မှတဆင့် ကူးစက်ခြင်း၊ ရောဂါပိုးကူးစက်ခံစားနေရသူနှင့်...

၁၈နှစ်အောက်အိန္ဒိယကလေ-းများဆိုရှယ်မီဒီယာအကောင့်ဖွင့်လျှင်မိဘခွင့်ပြုချက်လို

အသက် ၁၈ နှစ်အောက် ကလေ-းများသည် ဆိုရှယ်မီဒီယာအကောင့်များ ဖွင့်ပါက မိဘ၏ သဘောတူခွင့်ပြုချက်လိုအပ်မည်ဖြစ်သော ဒစ်ဂျစ်တယ် ကိုယ်ရေးအချက်အလက်ကာကွယ်ရေး နည်းဥပဒေမူကြမ်းကို အိန္ဒိယဗဟိုအစိုးရက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ကလေ-းငယ်၏ ကိုယ်ရေးအချက်အလက်များကို မလုပ်ဆောင်မီတွင် မိဘ၏ ခွင့်ပြုချက် ရယူရန်နှင့် ဂရုတစိုက် စောင့်ထိန်းသွားရန် သင့်လျော်သော နည်းပညာနှင့် အဖွဲ့အစည်းဆိုင်ရာ အစီအမံများကို ချမှတ်ရမည်ဟု အများက စောင့်မျှော်နေကြသည့် နည်းဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။ သို့ရာတွင် ဥပ‌ဒေချိုးဖောက်မှုအတွက် ပြစ်ဒဏ်ကိုမူ ဥပဒေကြမ်းတွင် ဖော်ပြထားခြင်း မရှိပေ။ အီလက်ထရွန်းနစ်နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန(Meity) က အစိုးရ၏ နိုင်ငံသားထိတွေ့ဆက်ဆံမှု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071