ရွှေတိဂုံစေတီတွင် နယုန်လပြည့် မဟာသမယ အခါတော်နေ့ကျင်းပ

0
98

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ကာ ယနေ့မနက်ပိုင်းမှ စတင်ပြီး စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများမှာ ကျင်းပခဲ့ခြင်းဖြစ်သ ည်။

ထိုသို့ကျင်းပရာတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဆွမ်းတော်ကြီး ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများဆက်ကပ်လှူဒါန်းခြင်း၊ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များကို စေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွါးတော်များတန်ဆောင်း၌ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ထို့ပြင် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

ထို့နောက် စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်းစုရပ်ကစတင်ကာ နယုန်လပြည့် မဟာသမယအခါတော်နေ့လှည်လည်ပူဇော်တာခြင်း၊ ကမ္ဘာသူကမ္ဘာသား ဝေနေယျသတ္တဝါအပေါင်းတို့ ငြိမ်းချမ်းစေဖို့ ရည်သန်၍ ရွှေတိဂုံ စေတီတော်ရင်ပြင်ပေါ်ရှိ ခေါင်းလောင်းများကို ပြိုင်တူတီးခတ်ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခြင်းကိုလည်း ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here