ရုရှား-မြောက်ကိုရီးယား ကာကွယ်ရေးသဘောတူညီချက်သည် စိုးရိမ်စရာဖြစ်–အိမ်ဖြူတော်

0
621
In this pool photograph distributed by the Russian state agency Sputnik, Russian President Vladimir Putin (L) and North Korea's leader Kim Jong Un (R) attend a wreath-laying ceremony at the Liberation Monument in Pyongyang, on June 19, 2024. - (Photo by Gavriil Grigorov / POOL / AFP)

ဝါရှင်တန်၊ဇွန် ၂၁

ရုရှားနှင့်မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံကာကွယ်ရေးသဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ကြသဖြင့် အမေရိကအတွက် စိုးရိမ်စရာဖြစ်သော်လည်း ထူးကဲပြီး အံ့ဩစရာတော့မဟုတ်ကြောင်း အိမ်ဖြူတော်ကထုတ်ပြန်ကြေညာခဲ့သည်။

အိမ်ဖြူတော်၏ နိုင်ငံ‌တော်လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အဆိုပါ သဘောတူညီချက်သည် ယူကရိန်းကို တိုက်ခိုက်ရာတွင် နိုင်ငံခြားအကူအညီလိုအပ်နေသောကြောင့် ရုရှား၏ စိတ်ဓာတ်ကျနေသည့် လက္ခဏာဖြစ်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

ရုရှားသမ္မတပူတင်ကမူ ယူကရိန်းကို အနောက်နိုင်ငံများက ကူညီမှုကို တုန့်ပြန်သည့်အနေဖြင့် ၎င်းသည်လည်း မြောက်ကိုရီးယားကို လက်နက်ထောက်ပံ့ပေးနိုင်ခြေရှိကြောင်းဆိုသည်။ ယူကရိန်းကို ဆိုးလ်က လက်နက်ထောက်ပံ့ရန်ဆုံးဖြတ်ပါက အမေရိကန်မဟာမိတ် တောင်ကိုရီးယားသည် ကြီးမားသည့်အမှားကို ကျူးလွန်ခြင်းပင်ဖြစ်လိမ့်မည်ဟုလည်းဆိုခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားနိုင်ငံကို အမြောက်ကျည်များနှင့် ပဲ့ထိန်းဒုံးကျည်အမြောက်အမြား ပေးအပ်ထားပြီးဖြစ်သည်ဟု အမေရိကန်နှင့်ယူကရိန်းတို့က အခိုင်အမာပြောနေသော်လည်း မြောက်ကိုရီးယားနှင့်ရုရှားတို့ကငြင်းဆိုထားသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here