အိန္ဒိယသံရုံးမှ (၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနား ကျင်းပ

0
106

ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်သော (၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့(IDY) အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ကြီးမှူးကာ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံတွင် ကျင်းပခဲ့သည်။

အခမ်းအနားအစတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur မှ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန် ဦးဘိုဌေး အပါအဝင် အစိုးရအရာရှိများ၊ သံတမန်အဖွဲ့ဝင်များနှင့် အိန္ဒိယနွယ်ဖွားများအပြင် ယောဂဝါသနာရှင် ၆၀၀ ကျော်တက်ရောက်ကာ ယခုနှစ်၏ ယောဂနေ့ဆောင်ပုဒ်ဖြစ်သည့် “မိမိနှင့် လူ့အဖွဲ့အစည်းအတွက် ယောဂ” ဟူသော ဆောင်ပုဒ်နှင့်အညီ ယောဂကျင့်စဉ် နည်းလမ်းများကို အတွေ့အကြုံရှိနည်းပြများ၏ လမ်းညွှန်မှုနှင့်အတူ စုပေါင်းလေ့ကျင့်ခဲ့ကြသည်။

အိန္ဒိယသံရုံးသည် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရန်ကုန်မြို့တွင် ရှစ်ကြိမ်၊ မန္တလေးတွင် ငါးကြိမ်၊ နေပြည်တော်တွင် နှစ်ကြိမ်၊ ပုဂံတွင် တစ်ကြိမ်နှင့် စစ်တွေတွင် တစ်ကြိမ်တို့ဖြင့် စုပေါင်း‌ယောဂလေ့ကျင့်သည့် အစီအစဉ်ကို စုစုပေါင်း (၁၇) ကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here