အသစ်ဖွင့်လှစ်ထားသည့် သန်လျင်တံတားအမှတ်(၃)တွင် ကုန်ကားများ သွားလာချိန် သတ်မှတ်မည်

0
209

ရန်ကုန်တိုင်း၊ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ်(၃)မှ ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့် အချိန်သတ်မှတ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ သိရသည်။

သန်လျင်မြို့နယ်အတွင်း တွဲကားကြီးများ ဖြတ်သန်းသွားလာလျှင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်တို-က်မှု အန္တရာယ်များရှိနိုင်သောကြောင့် ထိုကဲ့သို့ သတ်မှတ်ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် (၆) ဘီး၊ (၈) ဘီး ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့် ပြုထားသော်လည်း (၁၀) ဘီး၊ (၁၂)ဘီး စသည့် တွဲကားကြီးများ ဖြတ်သန်းသွားလာခွင့် အချိန်သတ်မှတ်ရန် သက်ဆိုင်ရာ ရန်ကုန်မြို့တော်စည်ပင်နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

သန်လျင်တံတားသစ် အမှတ် (၃) ကို ဇွန်လ (၈) ရက်က စတင်ဖွင့်လှစ်ခဲ့ကာ ဇွန်လ (၁၆) ရက်ကစ၍ ယာဉ်အမျိုးအစားအလိုက် တံတားအသုံးပြုခများကိုလည်း ကောက်ခံနေပြီဖြစ်သည်။

ထို့ပြင် သန်လျင်တံတားအမှတ်(၃) ၌လမ်းအသုံးပြုခကောက်ခံမှု စနစ်ကျစေရန် QR Code System တပ်ဆင်ရေး၊ ယာဉ်များသွားလာရာတွင် စနစ်တကျ ရှိစေရေးကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here