လက်ရွေးစင် ယူ-၁၂ ကစားသမားအသစ်များ ရန်ကုန်နှင့် မန္တလေးတို့တွင် ရွေးချယ်ခေါ်ယူမည်

0
189

မြန်မာ့လက်ရွေးစင် ယူ-၁၂ ကစားသမားအသစ်များအား ရန်ကုန်နှင့် မန္တလေးတို့တွင် ရွေးချယ်ခေါ်ယူမည်ဖြစ်ပြီး နိုင်ငံတကာ လူငယ်ဖိတ်ခေါ်ပြိုင်ပွဲများနှင့် လူငယ်ဘောလုံးပွဲတော်များတွင် ယှဉ်ပြိုင်ကစားရန် စေလွှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ပွဲအား မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)၌ ဇူလိုင်လ (၁၂)ရက်မှ(၁၄) ရက်အထိလည်းကောင်း၊ အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်)၌ ဇူလိုင်လ (၆)ရက်မှ (၈) ရက်အထိလည်းကောင်း အသီးသီးရွေးချယ်ခေါ်ယူသွားမည်ဖြစ်သည်။

ရွေးချယ်ခံရသည့် လူငယ်ကစားသမားများ အနေဖြင့် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း မွေးဖွားသူများ ဖြစ်ရမည်ဖြစ်ကာ ယခုလ ဇွန်လ (၂၁ )ရက်မှ စတင်၍ ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့နှင့်အတူ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာဘောလုံး အကယ်ဒမီများအတွက် FIFA -MFF TDS Scouting Tour ဖြင့်ရွေးချယ်ထားသော ယူ-၁၂ ကစားသမားများ အသင့်ရှိနေပြီး ဖြစ်သော်လည်း ပြင်ပမှ အရည်အချင်းရှိ ကစားသမားများ ဆက်လက်ရရှိစေရန် အတွက်လည်းကောင်း၊ လူငယ်များအတွက် အခွင့်အလမ်းများ ထပ်မံ ပေါ်ပေါက်လာစေရန် အတွက်လည်းကောင်း ထပ်မံရွေးချယ်ခေါ်ယူခြင်းဖြစ်သည်ဟုဆိုသည်။

ရွေးချယ်ခံမည့် လူငယ်ကစားသမားများအနေဖြင့် စုံစမ်းလိုပါက ဆက်သွယ်ရန် ဖုန်း- 09769900600နှင့် 09769900 600 ၊ Email- [email protected] တို့အား ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူ-၁၂ လူငယ်ကစားသမားများအပါအဝင် ယူ-၂၀ ကစားသမားများအထိ သက်တမ်းများအလိုက်ရွေးချယ်ခေါ်ယူမွေးထုတ်ပေးလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here