စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန် လေယာဉ်တင်သင်္ဘော တောင်ကိုရီးယား ရောက်

0
266
The Theodore Roosevelt (CVN 71) a Nimitz-class nuclear-powered aircraft carrier arrives in Busan on June 22, 2024. (Photo by SONG Kyung-Seok / POOL / AFP)

ယခုလအတွင်း တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဖို့အတွက် အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောဖြစ်တဲ့ သီအိုဒို ရုစဗဲ့ စနေနေ့မှာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းကို ဆိုက်ရောက်လာခဲ့တယ်လို့ တောင်ကိုရီးယားရေတပ်က သတင်းထုတ်ပြန်ပါတယ်။

ယင်းသုံးနိုင်ငံ ခေါင်းဆောင်တွေဟာ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းက ဒေးဗစ်စခန်း ထိပ်သီးဆွေးနွေးပွဲအတွင်း တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ရေလမ်းကြောင်းမှာ တရုတ်နိုင်ငံရဲ့ ရဲတင်းလာတဲ့ အပြုအမူတွေကို ရှုတ်ချရင်း နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ရာ သဘောတူညီခဲ့ကြပါတယ်။

ရုရှား သမ္မတ ဗလာဒီမာပူတင်ဟာ ၂၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ယခုသီတင်းပတ်က မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့ပြီး အပြန်အလှန် အကာအကွယ်ပေးရေး ကတိပြုမှုပါဝင်တဲ့ သဘောတူညီချက်ကို ခေါင်းဆောင် ကင်ဂျုံအန်နဲ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါဟာ အာရှဒေသမှာ နှစ်များစွာအတွင်း ရုရှားရဲ့ အထင်ရှားဆုံး လှုပ်ရှားမှုတစ်ခုဖြစ်လာပြီး ကင်က မဟာမိတ်ဖွဲ့မှုရဲ့ ပဏာမဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေအပေါ် တိုးချဲ့ဟန့်တားမှုကို ပြသခြင်းအဖြစ် အမေရိကန် လေယာဉ်တင်သင်္ဘော ကားလ် ဗင်ဆင် တောင်ကိုရီးယားသို့ သွားရောက်ခဲ့အပြီး ခုနစ်လအကြာမှာ အမေရိကန်က နောက်ထပ် လေယာဉ်တင်သင်္ဘောတစ်စင်း ထပ်မံစေလွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Aol


LEAVE A REPLY

Please enter your comment!
Please enter your name here