ထိုင်းသံရုံးမှ ဦးစီးသော မြန်မာနိုင်ငံ၏ ပထမဦးဆုံး ထိုင်းအဆိုပြိုင်ပွဲ T Pop Star Challenge Myanmar ၏ သတင်းစာရှင်းလင်းပွဲ ကျင်းပ

0
289

ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ထိုင်းသံရုံး(ရန်ကုန်) မှကြီးမှူးကာ T Pop Star Challenge Myanmar ဟူသော ထိုင်းသီချင်းဆိုပြိုင်ပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို Pan Pacific Hotel ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E.Mr.Mongkol Visitstump နှင့် သံမှူးကြီး Yordying Supasri တို့မှ ပွဲအခမ်းအနားနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ စာနယ်ဇင်းမီဒီယာများမှ သိလိုသည်များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့အပြင် T Pop Star Challenge Myanmar ပြိုင်ပွဲတွင် Judge အဖြစ်ပါဝင်ဆောင်ရွက်မည့် နိုင်ငံကျော်အဆိုတော် အုပ်စိုးခန့်လည်း တက်ရောက်ခဲ့သည်။

T Pop Star Challenge Myanmar သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် ထိုင်းသီချင်းဆိုပြိုင်ပွဲဖြစ်ပြီး၊ ထိုင်းနှင့်မြန်မာကြား ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် ထိုင်းဖျော်ဖြေရေးအစီအစဉ်မှတဆင့် ကောင်းမွန်သောဆက်ဆံရေးတိုးတက်စေရန်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ Soft Power ကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်းသိရသည်။

ယခုပြိုင်ပွဲသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဖျော်ဖြေရေးကုမ္ပဏီများဖြစ်‌သည့် GMM Grammy, GMMTV မှ ပံ့ပိုးကူညီထားပြီး၊ ပြိုင်ပွဲဝင်လိုသူများသည် GMM Group အောက်တွင်ရှိသော ‌နှစ်သက်ရာတေးသီချင်းတစ်ပုဒ်ကို ရွေးချယ်ပြီး သီဆိုထားသော ဗီဒီယိုကလစ်အား www.tpopstar.com သို့ ဇူလိုင်လ ၃၁ ရက်နေ့နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး ဆန်ကာတင် ပြိုင်ပွဲဝင် ၁၂ ဦး၏ အမည်စာရင်းကို ဩဂုတ်လ ၁၀ ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်ရှိ Junction City ၌ စက်တင်ဘာလ ၂၈ နှင့် ၂၉ တွင် ဖိုင်နယ်ပြိုင်ပွဲကျင်းပမည်ဖြစ်သောကြောင့် နယ်ဝေးမှ ရန်ကုန်သို့ လာရောက်ယှဉ်ပြိုင်သူများရှိပါက ၎င်းတို့အား လမ်းစရိတ်နှင့် တည်းခိုစရိတ်များကို တာဝန်ယူပေးမည်ဖြစ်ကြောင်း၊ ဆုရရှိသူသည် ဆုတံဆိပ်နှင့်အတူ အမေရိကန်ဒေါ်လာ ၃၅၀၀ ရရှိမည် ဖြစ်ကြောင်းသိရသည်။

T Pop Star Challenge Myanmar ပြိုင်ပွဲနှင့် ပတ်သက်သည်များကို အသေးစိတ်ထပ်မံသိရှိလိုပါက www.tpopstar.com ၊ Facebook တွင် T-Pop Star Challenge Myanmar နှင့် YouTube တွင် TPopStarChallengeMyanmar အစရှိသော Channel များတွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here