မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်း မြေပြိုကျမှုကြောင့် အတက်အဆင်း ယာဉ်များ ယာယီရပ်နားထားရ

0
392

မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်း ဆွန်ဇွပ်နှင့် တန်ဂျာကျေးရွာအနီးတွင် ချောက်ကမ်းပါး မြေပြိုကျမှုကြောင့် လမ်းပိုင်းပြင်ဆင်နေရသည့်အတွက် အတက်အဆင်း ယာဉ်များ ယာယီရပ်နားထားရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ လမ်းပိုင်း မြေပြိုကျမှုဖြစ်စဉ်ကြောင့် ယမန်နေ့ ဇွန် (၂၂)ရက်မှ စတင်ကာ ပူတာအို – မြစ်ကြီးနား အတက်အဆင်းယာဉ်သွားလာမှုများ ရပ်နားထားရခြင်းဖြစ်ကြောင်း သိရသည်။

“မြေပြိုကျလို့ လမ်းပြင်နေတယ်ဆိုလို့ အချို့ကားတွေ ပြန်လှည့်လာကြတယ်။ လမ်းအဆင်ပြေမယ့်ရက်ကိုပဲ စောင့်ပြီး သွားရမှာဘဲ။ အချို့ကလည်း သုံးလေးရက်ကြာနိုင်တယ်လို့ ပြောတယ်။ အချို့ကလည်း နောက်တစ်ရက်ဆို ‌သွားလို့ရပြီပြောတယ်။ ပူတာအိုဘက်က အဆင်းကားတွေအလာစောင့်ပြီးမှ တက်ရမှာပေါ့”ဟု မြစ်ကြီးနားမြို့ ဒေသခံယာဉ်မောင်းတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် သုံးလနီးပါးကြာ ပိတ်ထားရသည့် မြစ်ကြီးနား-ပူတာအို လမ်းပိုင်းအား ယခုဇွန်(၈)ရက်တွင် ယာဉ်စီးရေ အကန့်အသတ်ဖြင့် ပထမအသုတ် သွားခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် ယာဉ်စီးရေ (၇)စီးခန့်တစ်သုတ်ဖြင့် ပူတာအိုသို့ သွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

တက်မတော်နှင့် KIA နှစ်ဖက်တပ်တို့အကြား ယခုနှစ် မတ်လအတွင်း ဆွမ်ပရာဘွမ်မြို့နယ်၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယင်းလမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရပြီး သုံးလအကြာတွင် နှစ်ဖက်အဖွဲ့အစည်းများ၏ ညှိနှိုင်းမှုဖြင့် ပြန် လည်သွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here