အမျိုးသားအားကစားပွဲတော်အတွက် မွန်ပြည်နယ် အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်ပြင်ဆင်

0
172

နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် မွန်ပြည်နယ် အမျိုးသမီးဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအတွင်း ထူးချွန်သည့် အမျိုးသမီးကစားသမားများကို ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ်၍ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့်အတူ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသာမက အာရှအဆင့်ထိ ကစားသွားနိုင်ရန် လေ့ကျင့်ပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်းသိရသ ည်။

မွန်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအ‌နေဖြင့် ၂၀၀၄ ခုနှစ် ပြည်နယ်နှင့်တိုင်းပြိုင်ပွဲတွင် ပထမဒိုင်းဆုရရှိထားပြီးပြည်နယ်ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးသမား (၃)ဦးကိုလည်း မွေးထုတ်ထားပြီးဖြစ်ကြောင်း သိရသည်။

မွန်အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် အမျိုးသားအားကစားပွဲတော်အတွက် လေ့ကျင့်ပြင်ဆင်မှုများဆောင်ရွက်နေပြီး ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀) မြို့နယ် ၊ အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကိုလည်း မော်လမြိုင်မြို့၊ ရာမညအားကစား ကွင်းတွင် ကျင်းပပြုလုပ်လျှက် ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here