အသင်းပေါင်း(၅၀)မှ ကစားသမားပေါင်း(၈၀၀)ဝင်ရောက်ယှဉ်ပြိုင်နေသည့် Futsal Amateur Cup 2024 ပြိုင်ပွဲ စတင်

0
148

အသင်းပေါင်း(၅၀)မှ ကစားသမားပေါင်း (၈၀၀)ဝင်ရောက်ယှဉ်ပြိုင်နေသည့်
Futsal Amateur Cup 2024 ပြိုင်ပွဲကို ယမန်နေ့ ဇွန်(၂၂) ကစတင်ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။

ယမန်နေ့က စတင်ခဲ့သည့် အဆိုပါပြိုင်ပွဲတွင် Combine Team နှင့် Bushido Team တို့ အဖွင့်ပွဲစဉ်အတွင်း Combine Team က (၇)ဂိုး(၃)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် အဆင့်တက်ရောက်ခွင့် ရရှိသော အသင်းများအနေဖြင့် MFF Futsal Championship 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်သော အသင်းနှစ်သင်းသည် MFF Futsal League II 2024 ပြိုင်ပွဲသို့ ဝင်ရောက်ကစားနိုင်မည့် အခွင့်ရေးရရှိမည် ဖြစ်သည်။

ပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များကို ဇွန် (၂၂)မှ ဇူလိုင် (၈ ရက် အထိလည်းကောင်း၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကို ဇူလိုင် (၁၀) ရက်မှ (၁၄ )ရက် အထိ လည်းကောင်း၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် (၁၆) ရက်တွင် လည်း ကောင်း၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဇူလိုင် (၁၈) ရက်တွင် လည်းကောင်း ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲဖွင့်လှစ်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံ‌ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်၊ ဖူဆယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ MFF အကြံပေး ဦးဘန်နီတင်အောင်၊ MFF အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ MFF မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ ကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အသင်းများအား ထောက်ပံ့ငွေကျပ် သိန်း(၅၀) နှင့် ပြိုင်ပွဲဝင်အသင်းများအား ဘောလုံးများ ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here