နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် အီရန်နိုင်ငံသို့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ သွားရောက်

0
183

အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ကျင်းပမည့် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) သို့ တက်ရောက်ရန် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် အီရန်နိုင်ငံသို့ ဇွန် (၂၁) ရက်တွင် ထွက်ခွာသွားကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇွန် (၂၄) ရက်တွင် စတင်ကျင်းပမည့် အဆိုပါအစည်းအဝေးတွင် အာရှစီးပွါးရေး ထိပ်သီးနိုင်ငံများဖြစ်သည့် တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများက အဆင့်မြင့်အရာရှိများအပြင် အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများလည်း တက်ရောက်ရန် ရှိနေခြင်း ဖြစ်သည်။

(၁၉)ကြိမ်မြောက်ဖြစ်သည့် အေစီဒီ ဆွေးနွေးပွဲ၌ ဒစ်ဂျစ်တယ်နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အဓိက ထားဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here