ဗန်းမော်မြို့တွင် လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ဘထ္ထရီဆိုင်ကယ်အပါအဝင် ဖုန်းနှင့် အိမ်သုံးလျှပ်စစ်သုံးပစ္စည်းများ အားသွင်းကူညီပေးနေ

0
112

ဗန်းမော်မြို့တွင် လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ဘထ္ထရီဆိုင်ကယ်အပါအဝင် ဖုန်းနှင့် အိမ်သုံးလျှပ်စစ်သုံးပစ္စည်းများကို ဒေသခံလူမှုကူညီရေးအဖွဲ့က အားသွင်းနိုင်ရန် ကူညီပေးနေရကြောင်း သိရသည်။

မီးပြတ်တောက်နေမှုမှာ (၅)ရက်ရှိနေပြီဖြစ်သဖြင့် ဒေသခံများ၏ ဘက်တ္ထရီဆိုင်ကယ် အပါအဝင် အိမ်သုံးလျှပ်စစ်ပစ္စာ်းများ အသုံးပြုရန်အခက်တွေ့နေရခြင်းကြောင့် ယင်းသို့ကူညီဆောင်ရွက်ပေးရခြသည်ဖြစ်သည်ဟု ဒေသခံလူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ပြောသည်။

“တနင်္ဂနွေနေ့ဆိုရင် သုံးကြိမ်သွင်းခွင့်ပြုထားမယ်။ ကျန်ရက်တွေကတော့ နှစ်ကြိမ်ပေါ့။ မီးက ပြတ်နေတာ (၅)ရက်လောက်ရှိနေပြီ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဘတ္ထီ ဆိုင်ကယ်များ၊ ဖုန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား အသင်းရုံးရှိ 28hp အင်ဂျင်‌မီးစက်မောင်းနှင်၍ 10kW ဒိုင်နမိုဖြင့်တွဲကာ အားသွင်းနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

လျှပ်စစ်ပစ္စည်းအားသွင်းခြင်းကို တနင်္လာနေ့မှ စနေနေ့အထိ နေ့လည် (၁) နာရီမှ ညနေ (၃)နာရီအထိ တစ်ကြိမ်၊ည (၇) နာရီမှ ည(၉)နာရီအထိ တစ်ကြိမ်၊ တစ်ရက်(၂)ကြိမ် အသုံးပြုခွင့်ပြုထားပြီး အများပြည်သူရုံးပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့များတွင် တစ်ရက်(၃)ကြိမ်အထိ အားသွင်းခွင့်ပြုထားကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဗန်းမော်မြို့တွင် စစ်ရှောင်ပြည်သူ ရာနှင့်ချီရှိလာကာ စားဝတ်နေရေးအခက်အခဲများရှိနေသည့်အတွက် ဒေသခံလူမှုကူညီရေးအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ထောက်ပံ့မှုဖြင့်ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေမှုများ ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here