ကမ်းရိုးတန်းတစ်လျှောက် လေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရန် ဆောင်ရွက်မည်ဟုဆို

0
172

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် လေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်က ပြောသည်။

တရုတ်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် (၁၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ်တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် နစကအနေဖြင့် တရုတ်၊ ရုရှားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီထားကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းလျှပ်စစ်ဓာတ်အား ဖူလုံမှုအပြည့်အဝရရှိစေရန် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ရည်မှန်းချက်ထားကာ လုပ်ဆောင်နေကြောင်းလည်း ဝန်ကြီးက ရှင်းပြသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လျှပ်စစ်ကားများ ပိုမိုအသုံးပြုလာစေခြင်း၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ၌ So lar Yard နေရာများကို ထည့်သွင်းအသုံးပြုခြင်း၊ မြို့ကြီးများ၏ မြို့ပြစီမံကိန်းရေးဆွဲရာတွင် စိမ်းလန်းသည့် နေရာများကို ထည့်သွင်းစဉ်းစား ရေးဆွဲနေကာ Green innovation စီမံကိန်းကိုလည်း အကောင်အထည်ဖော်နေကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here