ဖရဲစိုက်တောင်သူများ ယခုနှစ်ရာသီတွင် အရှုံးပေါ်ခဲ့ဟုဆို

0
162

ယခု ၂၀၂၃ -၂၀၂၄ ဖရဲရာသီတွင် ဖရဲစိုက်တောင်သူများအရှုံးပေါ်ခဲ့ရကြောင်း သစ်သီးကုန်များ၏ ပြောပြချက်အရ သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ထားရသည့်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားဂိတ်မှ တင်ပို့နေရခြင်းဖြစ်ကာ စိန်ခေါ်မှု အခက်အခဲများစွာဖြင့် ရင်ဆိုင်ရကြောင်း တောင်သူများနှင့် ကုန်သည်များက ဆိုသည်။

ထို့ပြင် လာမည့်ရာသီအတွက် ဖရဲနှင့် သခွားမွှေးများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရန် လမ်းကြောင်းများ(အလွန်)နည်းပါးသွားခြင်းသည် ၎င်းတို့အတွက် စိန်ခေါ်မှုကြီးဖြစ်ကြောင်းလည်း ဆိုသည်။

” ပြောရရင် လမ်းကြောင်းတစ်ခုသည် မော်တော်ယာဉ်အားနှင့် မမျှတတဲ့အခါ အရင်ဆုံးနစ်နာရမှာက ကုန်စိမ်းကားတွေပဲ။ ဖရဲသီးတွေဆိုရင် ဈေးကွက်အထိ အရည်အသွေးရှိစွာပို့ဆောင်ဖို့ သိပ်တော့မလွယ်တော့ဘူး။ လမ်းကြောင်းတွေအားလုံးက သိပ်မကောင်းတော့ အကုန်လုံးဒီလမ်းကြောင်းပေါ်ပဲ ရောက်လာကြတော့မှာ” ဟုသစ်သီးကုန်သည်တစ်ဦးကပြောသည်။

တရုတ်ဘက်သို့ မန္တလေး-မူဆယ်လမ်းကြောင်းမှ ဖရဲတင်ပို့ရာတွင် ကားခ ၂၅ သိန်းသာ ကုန်ကျသော်လည်း လွယ်ဂျယ်နှင့် မိုင်းလားလမ်းကြောင်းမှ တင်ပို့ရာတွင် ကားခ ၇၅ သိန်း ကုန်ကျပြီး အခြားအခွန်အခနှင့်ပေါင်းပါက ကျပ်သိန်း ၁၅၀ ဝန်းကျင် ကုန်ကျကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here