ဖိလစ်ပိုင်ဟာ စစ်မီးမွှေးတဲ့ နိုင်ငံမဟုတ်ဟု သမ္မတ မားကို့စ် ပြောဆို

0
316
Philippines' President Ferdinand Marcos Jr. delivers a speech during the 21st Shangri-La Dialogue summit in Singapore on May 31, 2024. (Photo by NHAC NGUYEN / AFP)

ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက သူ့နိုင်ငံဟာ စစ်မီးမွှေးတဲ့အလုပ်ကို မလုပ်ကြောင်းနဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးကိုပဲ အမြဲတစေ ရည်မှန်းဆောင်ရွက်ကြောင်း တရုတ်နဲ့ ရေကြောင်းဆိုင်ရာ ထိပ်တိုက်တွေ့မှုတွေ အရှိန်မြင့်နေချိန် ဇွန် ၂၃ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“နိုင်ငံကို ကာကွယ်ရာမှာ ဒီပြဿနာအားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုတဲ့ မိမိတို့ ဖိလစ်ပိုင်လူမျိုးတွေရဲ့ သဘောသဘာဝကို သစ္စာစောင့်သိရမှာဖြစ်တယ်” လို့ တောင်တရုတ်ပင်လယ်ပြင်ကို ကြီးကြပ်တာဝန်ယူရတဲ့ အနောက်ပိုင်းစစ်ဋ္ဌာနချုပ် တပ်ဖွဲ့ဝင်တွေကို မိန့်ခွန်းပြောရာမှာ မားကို့စ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင် ရေတပ်သားတွေနဲ့ တရုတ်ကမ်းခြေစောင့်တပ်တို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အငြင်းပွားရေပြင်မှာ ၎င်းတို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့မှုပေါ်ပေါက်ထားခဲ့ပြီး ယင်းဖြစ်စဉ်အတွင်း ဖိလစ်ပိုင် ရေတပ်သားတွေ ဒဏ်ရာအပြင်းအထန်ရခဲ့ကာ သင်္ဘောတွေ ထိခိုက်မှုဖြစ်ခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောဆိုခဲ့ပါတယ်။

မိမိတို့ တာဝန်တွေကို ထမ်းဆောင်ရာမှာ အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းနဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရစေခြင်း နစ်နာမှုဖြစ်စေခြင်း လုပ်ရပ်မျိုးတွေကို ကျင့်သုံးမှာမဟုတ်ကြောင်း မားကို့စ် ပြောဆိုပါတယ်။

မားကို့စ်က သူ့မိန့်ခွန်းအတွင်း တရုတ်နိုင်ငံကို အမည်တပ်ပြောဆိုခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေက ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ အစိတ်အပိုင်းအတွေအပါအဝင် နှစ်စဉ် ရေကြောင်းကုန်သွယ်မှု ၃ ထရီလီယံကျော်ရှိရာ ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်အဖြစ် တရုတ်က အခိုင်အမာဆိုထားပါတယ်။

Ref: Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here