အစ္စရေးတို့တိုက်ခိုက်မှုကြောင့် လူ ၄၂ ဦး ထပ်မံ‌ေ-သဆုံး–ဟားမတ်စ်

0
323
People walk along a road between the rubble of buildings destroyed during Israeli bombardment in Khan Yunis on the southern Gaza Strip on June 23, 2024, amid the ongoing conflict between Israel and the Palestinian militant group Hamas. (Photo by Eyad BABA / AFP)

ကိုင်ရို၊ဇွန် ၂၃

ဝိုင်းပတ်ပိတ်ဆို့ခံထားရသည့် ပါလက်စတိုင်းမြောက်ပိုင်းရှိ ဂါဇာမြို့ကိုအစ္စရေးကတိုက်ခိုက်၍ လူ ၄၂ ဦး ထက်မနည်း ထပ်မံ‌ေ-သဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ကပြောကြားခဲ့သည်။

သို့သော် အစ္စရေးကမူ “အစ္စရေးကာကွယ်ရေးတပ်ရဲ့တိုက်လေယာဉ်တွေက ဂါဇာမြို့မှာရှိတဲ့ ဟားမတ်စ် စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦနှစ်ခုကိုတိုက်ခိုက်ခဲ့ပါတယ်” ဟုသာအတိုချုံးထုတ်ပြန်ခဲ့ပြီး အသေးစိတ်အချက်အလက်များကို မကြာခင် ထုတ်ပြန်မည်ဟုလည်းဆိုခဲ့သည်။

ဟားမတ်စ်ကမူ ၎င်း၏ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦများကို ထိမှန်သည်ဟု အစ္စရေးက မှတ်ချက်မပေးခဲ့ပဲ တိုက်ခိုက်မှုများသည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ဂါဇာအားသိမ်းပိုက်မှုနှင့် နာဇီခေါင်းဆောင်များ၏ ပါလက်စတိုင်းပြည်သူများအပေါ် ကျူးလွန်မှုများအတွက် တန်ရာတန်ကြေးပြန်ပေးရမည်ဟုလည်း ဟားမတ်စ်ခေါင်းဆောင်က ကတိပြုခဲ့သည်။

ဂါဇာရှိ ဟားမတ်စ်ဦးဆောင်သော စစ်သွေးကြွများက အစ္စရေးတောင်ပိုင်းသို့ အောက်တိုဘာ ၇ ရက်က ဝင်ရောက်စီးနင်းခဲ့ရာ လူပေါင်း ၁,၂၀၀ ဝန်းကျင်‌ေ-သဆုံးပြီး ဓ-ါးစာခံ ၂၅၀ ကျော်ကို ‌ဖမ်းဆည်းရမိချိန်၌ အစ္စရေး၏ မြေပြင်နှင့်လေကြောင်းစစ်ဆင်ရေးများ အစပျိုးခဲ့ခြင်းလည်းဖြစ်သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here