ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ပြီး မြေနေရာများတွင် ကြီးမြန်သစ်ပင်များ စိုက်ပျိုးရန်လိုအပ်

0
234

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျောက်မီးသွေးတူးဖော် ထုတ်လုပ်ပြီးစီးခဲ့သည့် မြေနေရာများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ကြီးမြန်သစ်ပင်များပြန်လည်စိုက်ပျိုးသွားကြရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဇွန်လ(၂၁)ရက်ကပြုလုပ်သည့်အစည်းအဝေးတွင် ပြောကြားသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျှက်ရှိသည့် ကုမ္ပဏီများလျာထားချက်အပြည့် ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစ ည်းအဝေးကို ဇွန်လ (၂၁) ရက်၊ မွန်းလွဲပိုင်းက မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျောက်မီးသွေး တူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ သက်မှတ်ကာလအတွင်း ထုတ်လုပ်ရမယ့် လျာထားချက်အပြည့် ထုတ်လုပ်ရေးနဲ့ထုတ်လုပ်ပြီး ကျောက်မီးသွေးတွေ အားလုံး သယ်ယူနိုင်ဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က လိုအပ်တာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကျောက်မီးသွေးတူးဖော် ထုတ်လုပ်ပြီးစီးခဲ့တဲ့ မြေနေရာတွေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြီးမြန်သစ်ပင်တွေ ပြန်လည်စိုက်ပျိုးသွားကြဖို့လိုအပ်ပါတယ်”ဟု ဝန်ကြီးချုပ်ကပြောသည်။

အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက မိမိတို့ဌာန အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကျောက်မီးသွေး လုပ်ငန်းရှင်များနှင့် တာဝန်ခံများက မိမိတို့လုပ်ငန်းများ၏ ကျောက်မီးသွေး ထုတ်လုပ်နေမှု၊ သယ်ယူရေး ဆောင်ရွက်နေမှုနှင့် သက်မှတ်လျာထားချက် ပြည့်မီအောင် ထုတ်လုပ်သယ်ယူမည့် အခြေအနေများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးရန် လိုအပ်မှုများကို အသီးသီးဆွေးနွေးတင်ပြကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here