မွန်ကမ်းရိုးတန်းဒေသများတွင် လေပြင်းဒဏ်ခံနိုင်ရန်လေကာပင် (၁၀,၀၀၀)ကျော် စိုက်ပျိုးမည်

0
217

ယခုနှစ်အတွင်း မွန်ပြည်နယ် ကမ်းရိုးတန်း ဒေသများတွင် လေပြင်းဒဏ်ခံနိုင်ရန် အရိပ်ရလေကာပင် (၁၀,၀၀၀)ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စိုက်ပျိုးရာတွင် အုန်းပင် (၁,၁၃၀) ပင်၊ ဒီရေတောသစ်ပင် (၅,၂၅ဝ) ပင်နှင့် အရိပ်ရ လေကာပင် (၁ဝ,၁ဝဝ)ပင် ၊ လမုပင်(၁,၈ဝဝ)ပင်အပါအဝင် စုစုပေါင်း (၂ဝ,၃၃ဝ)ပင်တို့ကို စိုက်ပျိုးသွားမည်ဟု သိရသည်။

သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဂျိုင်း ၊ အတ္ထရံ ၊ ဘီးလင်းနှင့် ရေးမြစ်များသည် မိုးရာသီကာလ၌ ဒီရေအတက်အကျရှိသဖြင့် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိရာ ယင်းအတွက် နည်းလမ်းတစ်သွယ်ဖြင့် ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်နယ်အတွင်း အပူရှိန်လျှော့ချရန်နှင့် ရာသီဥတုကောင်းမွန်စေရန် ကျေးရွာတစ်ရွာချင်းစီအလိုက် သစ်တောသစ်ပင် အနည်းဆုံး (၂)ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ယင်းအတွက်မြေလွတ်နေရာများ စိစစ်ဖော်ထုတ်သွားရန်ရှိကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်အတွင်း ထင်းလိုအပ်ချက်ပမာဏအရ အခြားသစ်ပင်များ မပြုန်းတီးရေးအတွက် ကျေးရွာသုံးထင်းစိုက်ခင်း (၁၂) ဧကကိုလည်း ထပ်မံစိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ် မိုးရာသီအတွင်း မွန်ပြည်နယ်တစ်ဝန်းလုံး၌ သစ်ပင်စိုက်ပျိုးပွဲတော် (၁၃)ကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ သစ်မျိုး(၁၈)မျိုးနှင့် ပျိုးပင်ပေါင်း (၃)သိန်း အားပြည်သူလူထုထံ ဖြန့်ဝေသွားမည်ဖြစ်ကာ သစ်ပင်ပေါင်း (၈,၈၄ဝ)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here