သာမန်DJ Festival များနှင့် မတူ ကွဲပြားသည့် DJ Run Festival ဒီဇင်ဘာ လ၁၇ ရက်နေ့တွင် ကျင်းပမည်

0
327

    dj-copy

   နိုင်ငံတကာမှ နာမည်ကျော် DJ များ ပါဝင်တင် ဆက်မည့် DJ Run Festival ကို ဒီဇင်ဘာလ၁၇ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်သူ့ ဥယျာဉ်တွင် ကျင်းပသွားမည် ဖြစ်သည်။Hemus Pacific နှင့်  OPPO တို့ ပူးတွဲကျင်းပသည့် အဆိုပါ DJ Run Festival  အတွက် လက် မှတ်ရောင်းချခြင်း အစီအစဉ်ကိုလည်း နိုဝင်ဘာလ ၁၈ရက်နှင့် ၁၉ရက်နေ့တို့၌Junction Square  တွင် ပြုလုပ်ခဲ့ သည်။

အဆိုပါဖျော်ဖြေပွဲတွင် အာရှတိုက်၏နံပါတ် ၁အမျိုးသမီး DJ Player Leng Yein နှင့်အတူ DJ Player  ၅ဖွဲ့တို့မှ ပါဝင် ဖျော်ဖြေ တင်ဆက်မည် ဖြစ်သည်။ ပွဲအတွက် ကြို တင်ပြင်ဆင် နေမှုများနှင့်ပတ်သက်ပြီးOPPO မှ PR Specialist  ကိုဝေဖြိုး အောင်အား မေးမြန်း သည့်အခါ..

“ကျွန်တော်တို့ အများကြီးပြင်ဆင်ထားပါတယ်။ အခုဆိုMusic Festival တွေက တော်တော်များပါတယ်။ နိုဝင်ဘာလမှာ ရော၊ လာ မယ့် ဒီဇင်ဘာလမှာရော အများ ကြီးပဲ။ ကျွန်တော်တို့က မတူအောင်လုပ်ထားပါတယ်။ ပုံမှန်ပွဲတွေက ကျတော့ ပင်မစတိတ် စင်ကြီး တစ်ခုပေါ်မှာပဲ အတူတကွ ပါဝင်ဆင်နွှဲကြတယ်။ အဲဒီမှာStarting Point   ကနေနောက်ဆုံးFinal Stage   အထိကြားမှာ Mini Stage လေးတွေထည့်ထားတယ်။ တစ်ခုနဲ့တစ်ခု 1Km   ကွာတယ်။ စုစုပေါင်း အားလုံးဇုန်၅ခုရှိပါတယ်။ ပြေးရင်းနဲ့ နာမည် ကြီးDJ
တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို စီးမျောမယ်။ အမှတ် တရSelfie တွေရိုက်မယ်။ ကျွန်တော်တို့ OPPO က အမှတ်တရ ဓာတ်ပုံတွေ ရိုက်ဖို့Selfie Boot အတွေအများကြီး စီစဉ် ပေးထားတယ်။ ပင်မမှာလည်း ပျော်ပွဲရွှင်ပွဲတွေနဲ့ ဂိမ်းတွေကစားနိုင်အောင် စီစဉ်ပေးထား တယ်။ ဖုန်း အားသွင်းရအောင်လည်း OPPO ကနေCharging Station တွေကို စီစဉ်ပေးထားပါ တယ်” ဟုဆိုသည်။DJ Run Festival ၏ လက်မှတ်ဈေးနှုန်းများ ကို တော့ ပုံမှန်ဈေး ၁၈ဝဝဝကျပ်၊ ကြိုတင်ဈေး ၁၅ဝဝဝကျပ်တို့နှင့် City Mart , Ocean, Market Place , 1876 Hot Line  တို့တွင် ဝယ်ယူရရှိ နိုင်ပြီဖြစ်သည်။

P- 069 ၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here