မန္တလေးရှိ စက်သုံးဆီ အရောင်းဆိုင်များကို ရှောင်တခင်ဝင် စစ်ဆေး

0
142

မန္တလေးရှိ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ကာ ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များကို ရှောင်တခင် စစ်ဆေးအရေးယူနေကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

သက်ဆိုင်ရာ အာဏာပိုင်များသည် ဇွန်လ (၂၀) ရက်က မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် (၄)ဆိုင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကာ စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီမှုရှိခြင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနေခြင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့စစ်ဆေးခြင်းကို လစဉ် တစ်လလျှင် နှစ်ကြိမ် ဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့် ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေခြင်းဖြစ်သည်။

ယခုနှစ်အတွင်း မန္တလေးမြို့ရှိ လိုင်စင်ရစက်သုံးဆီဆိုင်(၃၀) ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ အခြင်အတွယ် ပြည့်မီခြင်းမရှိသည့် စက်သုံးဆီအရောင်းဆိုင် (၂)ဆိုင်နှင့် သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ဆိုင် (၂)ဆိုင်ကို အရေးယူပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here