မလေးရှားတွင် မြန်မာ (၁၅၀) အပါအဝင် လူပေါင်း ၁၇၀၀ ကျော် အဖမ်းခံရ

0
224

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့တွင် ယမန်နေ့ ဇွန် (၂၃) က မလေးရှားနိုင်ငံသားများ၏ တိုင်ကြားမှုသတင်းအရ မြန်မာ (၁၅၀) အပါအဝင် လူပေါင်း (၁၇၀၀) ကျော် ဖမ်းဆီးခံခဲ့ရသည်။

ဒေသခံများ၏ တိုင်ကြားမှုများကြောင့် လူဝင်မူကြီးကြပ်ရေး(လဝက)၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ရှောင်တခင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မလေးရှားရောက်မြန်မာလုပ်သားများ ရင်ဖွင့်ရာ စာမျက်နှာမှလည်း သိရသည်။

ဖမ်းဆီးခံရသူများတွင် အထောက်အထားအပြည့်အစုံ ရှိသည့် သူများအပြင် အထောက်အထားအပြည့်စုံ မရှိသူများလည်း ပါဝင်နေကြောင်း သိရသည်။

သို့သော်လည်း အထောက်အထားအပြည့်အစုံရှိသူများကိုမူ မလေးရှားအာဏာပိုင်များက ပြန်လည်လွှတ်ပေးခဲ့ပြီး အထောက်အထား မပြည့်စုံသူများကို ဆက်လက်ထိန်းသိမ်းထားကြောင်းလည်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများတွင် မြန်မာအပါအဝင် အများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ကာ နီပေါနှင့် ထိုင်းနိုင်ငံသားများလည်း ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

သို့သော် ထုတ်ပြန်ချက်၌ ဖမ်းဆီးခံထားရသည့် လူ (၁၇၀၀) ကျော်ကိုသာ ဖော်ပြထားပြီး အမျိုးသား၊ အမျိုးသမီးဦးရေကို ဖော်ပြထားခြင်းမျိုးမရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here