မူဆယ်တွင် အင်တာနက်လိုင်းမမိ၍ သုံးထပ်တိုက်ပေါ် တက်သုံးရာမှ ပြုတ်ကျသည့် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာ အပြ င်းအထန်ရ

0
374

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အင်တာနက်လို င်းမမိ၍ သုံးထပ်တိုက်ပေါ် တက်သုံးရာမှ ပြုတ်ကျသည့် အ သက်(၂၀)ကျော်အရွယ် လူငယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသတွင်း လူမှုကယ်ဆ ယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ လူငယ်မှာ ယမန်နေ့ ဇွန်(၂၃)ရက် ၊ ညနေ(၅)နာရီကျော်အချိန်တွင် တိုက်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကာ တိုက်အောက်ရှိ သံဆူးကြိုးအပေါ်သို့ ပြုတ်ကျသည့် အတွက် ခန္ဓာကိုယ်အနှံ့ ကွဲရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

” ပတ်ဝန်းကျင်ကပြောတာတော့ အင်တာနက်လိုင်းမမိလို့ တိုက်ပေါ်တက်သုံးရင်း ပြုတ်ကျတာလို့ သိရတယ်။ တစ်ကိုယ်လုံးမှာ နှစ်လက်မခွဲ သုံးလက်မလောက်ရှိတဲ့ စုတ်ပြဲဒဏ်ရာတွေရသွားတာပေါ့။ အသက်အန္တရာယ်မရှိ‌တော့ပါဘူး။ ခွဲစိတ်ခန်းကနေလည်း ထွက်လာပါပြီ”ဟု လိုက်ပါကူညီပေးခဲ့သည့် လက်ဖက် ညွှန့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ရှင်းပြသည်။

အဆိုပါ လူငယ်မှာ မူဆယ်မြို့ ၊ ဟိုနားနယ်မြေ ၊ ကောင်းမှုတုံရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၊ လက်ရှိတွင် ရွှေမူဆယ် ဆေးရုံ၌ ဆေးဝါကုသမှု ခံယူနေရကြောင်း သိရသည်။

လက်ရှိတွင် မူဆယ်မြို့၌ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ မကြာခဏပြတ်တောက်နေသဖြင့် အသုံးပြုရန်ခက်ခဲနေကြကြောင်း သိရသည်။

ဓာတ်ပုံ- လက်ဖက်ညွှန်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here